ပါဝင်ပစ္စည်းများ
- ပေါင်မုန့် ၄ ချပ်
 - ထောပတ်သီး ၁လုံး
 
ပြုလုပ်နည်း
- ထောပတ်သီးကို အလယ်ကနေပိုင်းလိုက်ပါ။
 - အခွံနဲ့အစေ့ကို ဖယ်လိုက်ပါ။ ပါးပါးလေးတွေ လှီးလိုက်ပြီး ပေါင်မုန့်ပေါ်တင်လိုက်ပါ။
 - ဆားအနည်းငယ်ထည့်ပါ။ အသားညှပ်ပေါင်မုန့်အပေါ်ကို သံပုရာသီးလည်း အနည်းငယ်ညှစ်လို့ရပါတယ်။
 - ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ အရွက်တစ်ခုခုကို တင်ပြီး စားသုံးလို့ရပါပြီ။
 
											
				
