ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၄ ချပ်
  • ထောပတ်သီး ၁လုံး

ပြုလုပ်နည်း

  • ထောပတ်သီးကို အလယ်ကနေပိုင်းလိုက်ပါ။
  • အခွံနဲ့အစေ့ကို ဖယ်လိုက်ပါ။ ပါးပါးလေးတွေ လှီးလိုက်ပြီး ပေါင်မုန့်ပေါ်တင်လိုက်ပါ။
  • ဆားအနည်းငယ်ထည့်ပါ။ အသားညှပ်ပေါင်မုန့်အပေါ်ကို သံပုရာသီးလည်း အနည်းငယ်ညှစ်လို့ရပါတယ်။
  • ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ အရွက်တစ်ခုခုကို တင်ပြီး စားသုံးလို့ရပါပြီ။