လွယ်ကူ ရိုးရှင်းတဲ့ ကြက်သား သီဟိုစေ့ကြော်လေး ကြော်စားရအောင်။

ပါဝင်ပစ္စည်းများ

  • အရိုးမပါသည့် ကြက်ရင်ပုံ ၁ ခု
  • ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း + ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သီဟိုစေ့ ခွက် ၁ ခွက်ရဲ့ တစ်ဝက်

ကြက်သား နယ်ရန်

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်း အနည်းငယ်
  • ပြောင်းဖူးကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တခြား ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၁လုံးရဲ့ ၁ ခြမ်း
  • တရုတ်နံနံပင် ၁ ပင်
  • ငရုတ်သီးခြောက် အတောင့် ၁၂ တောင့်
  • Peppercorn စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်း ၁ လက်မ

  • ကြက်သွန်မြိတ် ၄ ပင်
  • ကြက်သွန်ဖြူ ၂ ဥ
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ

ပြုလုပ်နည်း

ကြက်သားကို အတုံးလေးတွေ တုံးပြီး ဆား၊ ပဲငံပြာရည် အကြည်၊ ငရုတ်ကောင်း၊ နှမ်းဆီ၊ ပြောင်းဖူးကော်မှုန့်တို့နဲ့ နယ်ပါ။ သေချာ နယ်ပြီး ၁၅ မိနစ်လောက် ထားပါ။

ပန်းကန်ကြီးကြီးထဲတွင် ပြောင်းဖူးကော်မှုန့် နှင့် ဂျုံမှုန့် တို့နဲ့ ရောပါ။ ကြက်သားတုံးလေးတွေကို အမှုန့် နဲ့ နယ်ပါ။  နယ်ပြီးရင် ၅ မိနစ်လောက်ထားပါ။

သီဟိုစေ့ကို မီးအေးအေးလေးနဲ့ ကြွပ်သွားအောင် ကြော်ပါ။

ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူအောင်လုပ်ပါ။ ဆီပူလာပြီဆိုရင် ကြက်သားကို နီညိုရောင်ဖြစ်သွားအောင် ကြော်ပါ။

ဒယ်အိုးထဲမှာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို ချန်ထားပြီး တခြား ဆီတွေကို ဖယ်လိုက်ပါ။ ငရုတ်သီးကို မီးအေးအေးနဲ့ ကြော်ပါ။ စက္ကန့် ၃၀ လောက် ကြော်ပြီး ငရုတ်သီး အမည်းရောင် ပြောင်းသွားရင် Peppercorn ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ကိုထည့်ပြီး ကြော်ပါ။ ပါးပါးလှီးထာသည့် ကြက်သွန်နီ နှင့် တရုတ်နံနံတို့ကိုပါ စက္ကန့် ၂၀ လောက်ထည့်ကြော်ပြီး ဆားအနည်းငယ်ထည့်ပါ။

ကြက်သားတုံးကြော်လေးတွေကို ပြန်ထည့်ပြီး၊ ပဲငံပြာရည် အကြည်၊ သကြား နှင့် ရှာလကာရည်တို့ကို ထည့်ပါ။ သေချာမွှေပြီး ၊ ဒယ်အိုးကို မီးပိတ်လိုက်ပါ။ သီဟိုစေ့နှင့် ရောလိုက်ပါ။

ဒါဆိုရင် အနံ့အရသာ နှင့် ပြည့်စုံတဲ့ သီဟိုစေ့ ကြက်သားကြော်လေးကို စားလို့ရပါပြီနော်။

Photos Credit: ChinaSichuanfood