အားလုံးပဲမင်္ဂလာပါနော်။ဒီတခါမှာတော့ ခေါက်ဆွဲကြိုက်ကြတဲ့ပျိုမေတို့အတွက် ခေါက်ဆွဲအခြောက်သုပ်စပ်စပ်လေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • နှမ်းထောင်း နှင့် နှမ်းဆီအနည်းငယ်
  • ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားအနည်းငယ်
  • ဆားအနည်းငယ်

  • ခေါက်ဆွဲ
  • ပဲတောင့်ရှည် ပါးပါးလှီးအနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ငရုတ်သီးကြော်အနည်းငယ်
  • ကြက်သွန်မြိတ် နှင့်ရှာလကာရည်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဆော့စ်တွေကိုအရင်ပြင်ဆင်ပါ။ နှမ်းထောင်း၊ နှမ်းဆီတို့ကိုရောပြီးမွှေလိုက်ပါ။ ပဲငံပြာရည်တွေထည့်ပါ။ သကြားထည့်ပါ။ ဆော့စ်ကအရမ်းပျစ်နေရင်ရေနည်းနည်းထည့်ပါ။

ဆားနည်းနည်းထည့်ပါ။

ရေကိုဆူအောင်သည်လိုက်ပြီးခေါက်ဆွဲကို နူးအောင်ပြုတ်လိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

အဲဒီနောက် ခေါက်ဆွဲရယ် ဆော့လ်ရယ် ကျန်တဲ့ပါဝင်ပစ္စည်းတွေအားလုံးထည့်လိုက်ပြီး နယ်ပေးလိုက်လို့ရပါပြီနော်။

Photo: thewoksoflife.com