အားလုံးပဲမင်္ဂလာပါနော်။ စာဖတ်သူတို့ ကော်ဖီဆိုင်ထိုင်တိုင်း နှစ်သက်စွာ သောက်သုံးနေတဲ့ Cappuccino ကို (၅) မိနစ်အတွင်း အိမ်မှာ အလွယ်တကူ ဖျော်သောက်လို့ရပါတယ်။

ပါဝင်ပစ္စည်း

နှပ်ကော်ဖီ ခွက် ၁/၄ ပုံ

နို့ ပူပူ ခွက်တစ်ဝက်

သစ်ကြမ်းပိုးခေါက်မှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး နို့ကို မွှေပေးလိုက်ပြီးအမြုပ်လေးတွေ ရအောင် လုပ်လိုက်ပါ။

ကော်ဖီကို ခွက်ထဲ လောင်းထည့်လိုက်ပါ။

အဲဒီနောက် နို့ အမြုပ်လေးတွေနဲ့ နို့ကို အပေါ်ကနေ လောင်းထည့်လိုက်ပါ။

ကော်ဖီဖျော်စက်မပါဘဲ Cappuccino ကို (၅) မိနစ်အတွင်း ဖျော်နည်း

အပေါ်ကနေ သစ်ကြမ်းပိုးခေါက်မှုန့် နည်းနည်းဖြူးပေးလိုက်ပါ။

အချိုကြိုက်ရင် သကြားထပ်ထည့်ပြီး မွှေကာ သောက်သုံးနိုင်ပါပြီ။

Source: www.fabhow.com

By: MyFood Myanmar