အားလုံးပဲမင်္ဂလာပါနော်။ မနက်ခင်း ရုံးမသွားခင် ထမင်းလေး အလွယ်တကူ ကြော်စားလိုက်တာမျိုးကို နှစ်သက်သူတွေရှိကြမှာပါ။
ထမင်းကြော်ကို လူတိုင်းနီးနီးစားကြမယ်လို့ ယုံကြည်ပါတယ်နော်။
ဆိုတော့ အရသာရှိပြီး ပြီးပြည့်စုံတဲ့ ထမင်းကြော်တစ်ပွဲကို မိမိဘာသာ အလွယ်တကူ ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ထမင်းတစ်ခွက်
- ကြက်သွန်မြိတ် ၂ ပင်ခန့်
- ပင်စိမ်းရွက် အနည်းငယ်
- ကြက်ဥ ၁ လုံး
- ဆီ
- ဆား
- ပဲငံပြာရည် အကြည်အနည်းငယ်
- ငရုတ်ကောင်မှုန့်အနည်းငယ်
အရင်ဆုံး ပါဝင်ပစ္စည်းတွေကို လှီးပေးထားလိုက်ပါ။ ကြက်ဥကို ခလောက်ထားပါ။
ထမင်းကို ဖွထားလိုက်ပြီး အအေးခံထားပါ။
ဆီကိုအပူပေးရင် အရင်ဆုံး ကြက်ဥကို ကြော်လိုက်ပြီး မွှေပေးထားလိုက်ပါ။
ကြက်သွန်မြိတ်ကိုလည်း ကြော်လိုက်ပါ။
ပြီးရင်တာ့ ထမင်းထည့်ပါ။
ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြည်ရည်ကိုချိန်ဆထည့်ပါ။
ပြီးရင်တော့ ကြက်ဥထည့်ပြီးမွှေလိုက်ပါ။
ထမင်းရခါနီးရင် ပင်စိမ်းရွက်ထည့်လိုက်ပြီး ပူပူလေးဖြစ်အောင်ထပ်ကြော်ပေးပါ။
ဆီအများကြီးမထည့်ဘဲကြော်ပေးရင် ပိုအရသာရှိပါတယ်။
Source: www.yumofchina.com
By: MyFood Myanmar