အားလုံးပဲမင်္ဂလာပါနော်။ မနက်ခင်း ရုံးမသွားခင် ထမင်းလေး အလွယ်တကူ ကြော်စားလိုက်တာမျိုးကို နှစ်သက်သူတွေရှိကြမှာပါ။

ထမင်းကြော်ကို လူတိုင်းနီးနီးစားကြမယ်လို့ ယုံကြည်ပါတယ်နော်။

ဆိုတော့ အရသာရှိပြီး ပြီးပြည့်စုံတဲ့ ထမင်းကြော်တစ်ပွဲကို မိမိဘာသာ အလွယ်တကူ ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ထမင်းတစ်ခွက်
  • ကြက်သွန်မြိတ် ၂ ပင်ခန့်
  • ပင်စိမ်းရွက် အနည်းငယ်
  • ကြက်ဥ ၁ လုံး

  • ဆီ
  • ဆား
  • ပဲငံပြာရည် အကြည်အနည်းငယ်
  • ငရုတ်ကောင်မှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ပါဝင်ပစ္စည်းတွေကို လှီးပေးထားလိုက်ပါ။ ကြက်ဥကို ခလောက်ထားပါ။

ထမင်းကို ဖွထားလိုက်ပြီး အအေးခံထားပါ။

ဆီကိုအပူပေးရင် အရင်ဆုံး ကြက်ဥကို ကြော်လိုက်ပြီး မွှေပေးထားလိုက်ပါ။

ကြက်သွန်မြိတ်ကိုလည်း ကြော်လိုက်ပါ။

ပြီးရင်တာ့ ထမင်းထည့်ပါ။

ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြည်ရည်ကိုချိန်ဆထည့်ပါ။

ပြီးရင်တော့ ကြက်ဥထည့်ပြီးမွှေလိုက်ပါ။

ထမင်းရခါနီးရင် ပင်စိမ်းရွက်ထည့်လိုက်ပြီး ပူပူလေးဖြစ်အောင်ထပ်ကြော်ပေးပါ။

ဆီအများကြီးမထည့်ဘဲကြော်ပေးရင် ပိုအရသာရှိပါတယ်။

Source: www.yumofchina.com

By: MyFood Myanmar