မင်္ဂလာပါနော်။ ဆိုင်မှာသွားစားစရာမလိုဘဲ မိမိနှစ်သက်တဲ့ အမဲသားကင်ကို အိမ်မှာ အလွယ်တကူ ချက်စားရအောင်။
မချက်ခင်
မချက်ခင်မှာ အမဲသားကို ရေခဲသေတ္တာထဲကထုတ်ပြီး အပြင်မှာ ၁ နာရီလောက်ထားထားလိုက်ပါ။
ချက်နေချိန်မှာ
ချက်နေချိန်မှာ မီးကို အနေတော်ပဲထားသင့်ပါတယ်။
ချက်ပြီးရင်
ချက်ပြီးရင် အပေါ်ကနေ သံလွင်ဆီ (သို့) အဆီတမျိုးမျိုး (သို့) ထောပတ်ကို ထည့်လိုက်ပါ။
ဘယ်လိုချက်မလဲ
ပါဝင်ပစ္စည်း
အမဲသား
ကြက်သွန်ဖြူ ဥ တစ်ခုကို အလယ်ကနေ ခြမ်းလိုက်ပါ
ဆီ
ဆား၊ ငရုတ်ကောင်း
ပြုလုပ်နည်း
အရင်ဆုံး အမဲသားကို ဆီ၊ ဆား၊ငရုတ်ကောင်းနဲ့ သေချာရောပြီးနယ်လိုက်ပါ။
ပြီးရင်တော့ Pan အိုးကို အပူပေးပြီး အမည်းသားကိုထည့်လိုက်ပါ။ မီးအနေတော်ပဲထားပါ။
အမဲသားကို တစ်ဖက်တစ်ချက်ဆီ အမြဲတမ်းပြောင်းနေပါ။
ပြီးရင်တော့ အပေါ်ကနေ ကြက်သွန်ကို သုတ်ပေးလိုက်ပါ။
အမဲသားကျက်ခါနီးရင် အပေါ်ကနေ ထောပတ် (သို့) အဆီတစ်မျိုးမျိုး သုတ်လိမ်းပေးလိုက်ပါ။
ရသွားပြီဆိုရင်တော့ အရသာရှိရှိ အမဲသားကင်ပူပူလေးကို သုံးဆောင်လို့ရပါပြီနော်။
အတုံးသေးသေးလေးတွေလှီးပြီး စားပေးတာ ပိုအရသာရှိပါတယ်။