နွေရာသီနဲ့ အလိုက်ဖက်ဆုံးအသီးကတော့ ဖရဲသီးပဲဖြစ်ပါတယ်။ ဖရဲသီးတွေ အများကြီး ဝယ်ထားပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင်တော့ မိမိစားချင်တဲ့အချိန်မှာ အလွယ်တကူ လှီးဖြတ်ကာ စားသောက်လိုက်ရုံပါပဲ။

ဖရဲသီးက ရင်အေးစေရုံမက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝအချိုစာဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ ဖရဲသီးအခွံက မာတဲ့အတွက်ကြောင့် ဖရဲသီး စားခါနီးတိုင်းမှာ ဖရဲသီး လှီးရတဲ့ဒုက္ခကတော့ မသေးပါဘူး။

ဒီဒုက္ခကနေ ကင်းဝေးဖို့အတွက် ဖရဲသီးချစ်သူတို့အတွက် ဖရဲသီး အလွယ်တကူ အခွံလှီးဖြတ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

အဆင့် (၁)

အရင်ဦးဆုံး ဖရဲသီးရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်း ထိပ်နှစ်ဖက်ကို လှီးဖြတ်လိုက်ပါ။ ဖရဲသီးရဲ့ ထိပ်မျက်နှာပြင်က ပြားသွားတဲ့အတွက်ကြောင့် လှီးဖြတ်နေစဉ်မှာ အောက်ခြေ ညီညီနဲ့ သေချာလှီးဖြတ်လိုက်ရုံပါပဲ။

အဆင့် (၂)

ဖရဲသီးကို ထောင်လိုက်ပြီး ဘေးနားက အခွံတွေကို ဝှိုက်ဝှိုက်လေး လှီးထုတ်လိုက်ပါ။ ဖရဲသီးအသားများ ပါမသွားအောင် သေချာလှီးထုတ်ပေးဖို့ လိုပါမယ်။

အဆင့် (၃)

အခွံမရှိတော့တဲ့ဖရဲသီးကို အလယ်တည့်တည့်ကနေ ထက်ဝက်ပိုင်းလိုက်ပါ။

အဆင့် (၄)

ဖရဲသီးတစ်ခြမ်းရဲ့ မျက်နှာပြင်ကို မှောက်ချလိုက်ပြီး အလျားလိုက် အစင်းကျားနဲ့ ဒေါင်လိုက်အစင်းကျားလေးတွေ လှီးဖြတ်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ ဖရဲသီးချောင်းလေးတွေ ရရှိသွားပါပြီ။ အသင့်ယူစားလိုက်ရုံပါပဲ။

ဖရဲသီးအများကြီးကို တစ်ထိုင်တည်း စားမကုန်ဘူးဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားကာ မိမိဗိုက်ဆာတဲ့အချိန်မှာ အဆင်သင့်ယူစားလိုက်ပါ။

Source: Fifteenspatulas.com