(Unicode)
MyFood Myanmar ရဲ့အစားအသောက်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ အရသာလည်းရှိ၊ ဗိုက်လည်းဝ၊ အာဟာရလည်း ပြည့်စေတဲ့ ဝက်အူချောင်း ထမင်းကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ထမင်း ပန်းကန်လုံး ၂ လုံးစာ
- ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
- ဝက်အူချောင်း ၁ ချောင်း (အန်စာတုံးငယ် ပုံသဏ္ဍာန်လှီးဖြတ်ထားပါ)
- ကြက်သွန်ဖြူ ၁ ပင် (ပါးပါးလှီးထားပါ)
- ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ငရုတ်သီးအစိမ်း ၂ တောင့် (အဝိုင်းပုံသဏ္ဍာန် ခပ်ပါးပါးလှီးဖြတ်ထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီးနောက် ထမင်းကို အိုးထဲထည့်ကာ စက္ကန့်အနည်းငယ် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ထမင်းကို ဒယ်အိုးတစ်ဖက်သို့ စုထားပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ မွှေခလောက်ထားသော ကြက်ဥများကို ဆီပူထဲသို့ လောင်းထည့်လိုက်ပါ။
၂။ ကြက်ဥနှင့် ထမင်းများကို ချက်ချင်းမွှေကြော်ပေးလိုက်ပါ။ ဆားအနည်းငယ်ထည့်ကာ သမအောင် ကြော်ပြီးတဲ့နောက်မှာ ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားလိုက်ပါ။
၃။ ဒယ်အိုးထဲသို့ ဝက်အူချောင်းနှင့် ငရုတ်သီးတို႔ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ ထို့နောက် စောစောကကြော်ထားသော ကြက်ဥထမင်းကြော်နှင့် ကြက်သွန်မြိတ်တစ်ဝက်ကို ဒယ်အိုးထဲ ပြန်ပေါင်းထည့်ကာ ကြော်ပေးလိုက်ပါ။ ပဲငံပြာရည်အကြည်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
အရသာအပေါ့အငန် မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်အူချောင်း ထမင်းကြော်ေလေး ရရှိသွားပါပြီ။ စားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။
Source: Chinasichuanfood.com
(Zawgyi)
MyFood Myanmar ရဲ႕အစားအေသာက္ခ်စ္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ အရသာလည္းရွိ၊ ဗိုက္လည္းဝ၊ အာဟာရလည္း ျပည့္ေစတဲ့ ဝက္အူေခ်ာင္း ထမင္းေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ထမင္း ပန္းကန္လံုး ၂ လံုးစာ
- ၾကက္ဥ ၂ လံုး (ေမႊခေလာက္ထားပါ)
- ဝက္အူေခ်ာင္း ၁ ေခ်ာင္း (အန္စာတံုးငယ္ ပံုသ႑ာန္လွီးျဖတ္ထားပါ)
- ၾကက္သြန္ျဖဴ ၁ ပင္ (ပါးပါးလွီးထားပါ)
- ဟင္းခ်က္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
- ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္
- ပဲငံျပာရည္ အၾကည္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ငရုတ္သီးအစိမ္း ၂ ေတာင့္ (အဝိုင္းပံုသ႑ာန္ ခပ္ပါးပါးလွီးျဖတ္ထားပါ)
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးကို အပူေပးၿပီးေနာက္ ထမင္းကို အိုးထဲထည့္ကာ စကၠန္႔အနည္းငယ္ ေမႊေၾကာ္ေပးလိုက္ပါ။ ထို႔ေနာက္ ထမင္းကို ဒယ္အိုးတစ္ဖက္သို႔ စုထားၿပီးေနာက္ ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ကာ ေမႊခေလာက္ထားေသာ ၾကက္ဥမ်ားကို ဆီပူထဲသို႔ ေလာင္းထည့္လိုက္ပါ။
၂။ ၾကက္ဥႏွင့္ ထမင္းမ်ားကို ခ်က္ခ်င္းေမႊေၾကာ္ေပးလိုက္ပါ။ ဆားအနည္းငယ္ထည့္ကာ သမေအာင္ ေၾကာ္ၿပီးတဲ့ေနာက္မွာ ပန္းကန္ျပားထဲသို႔ ေျပာင္းထည့္ထားလိုက္ပါ။
၃။ ဒယ္အိုးထဲသို႔ ဝက္အူေခ်ာင္းႏွင့္ ငရုတ္သီးတို႔ထည့္ကာ ၂ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၄။ ထို႔ေနာက္ ေစာေစာကေၾကာ္ထားေသာ ၾကက္ဥထမင္းေၾကာ္ႏွင့္ ၾကက္သြန္ၿမိတ္တစ္ဝက္ကို ဒယ္အိုးထဲ ျပန္ေပါင္းထည့္ကာ ေၾကာ္ေပးလိုက္ပါ။ ပဲငံျပာရည္အၾကည္ထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။
အရသာအေပါ့အငန္ ျမည္းစမ္းၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ အရသာရွိတဲ့ ဝက္အူေခ်ာင္း ထမင္းေၾကာ္ေေလး ရရွိသြားပါၿပီ။ စားခါနီးက်မွ ၾကက္သြန္ၿမိတ္ေလး ျဖဴးထည့္ကာ အားရပါးရ သံုးေဆာင္ႏိုင္ပါၿပီ။
Source: Chinasichuanfood.com