ပါဝင်ပစ္စည်းများ
ကြက် – ၁ ကီလို တစ်ကောင်
နံနံပင်အမြစ် – ၄ ခု
ကြက်သွန်ဖြူ – ၈ မွှာ
စပါးလင် – ၁ ချောင်း
ငရုပ်ကောင်းစေ့ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
သကြားအညို – ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငံပြာရည် Soy Sauce – ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငါးငံပြာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပဲငံပြာရည်အပျစ် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပြုလုပ်နည်း
ပထမဆုံး ကြက်ကို ပုံတွင် ပြထားသည့် အတိုင်း ရင်ဘက်မှ ခြမ်းကာ ရေဖြင့် အတွင်းအပြင် သန့်ရှင်းစွာ ဆေးပြီး ရေစစ်ထားပါ။
ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (နံနံပင်အမြစ် + ကြက်သွန်ဖြူ + စပါးလင်)တို့ကို ခပ်ပါးပါးလှီးထားပါ။
နံနံပင်၏ အောက်ပိုင်း လက်နှစ်လုံးလောက် ဖြတ်ထားသည့် အမြစ်ကိုသာ အသုံးပြုပါမည်။ အပေါ်က အရွက်များကို အသုံးမပြုပါဘူး။
ထို့နောက် ပါဝင်ပစ္စည်းများ အားလုံးကို ငရုပ်ဆုံထဲသို့ ထည့်၍ ညက်နေအောင် ထောင်းပါ။ ငရုပ်ကောင်းစေ့များပါ ထည့်၍ထောင်းပါ။အနည်းငယ် ညက်လာပါက ပန်းကန်လုံး တစ်ခုထဲသို့ ထည့်ပြီး ငံပြာရည်၊ Soy sauce ၊ ငါးငံပြာရည် ၊ ပဲငံပြာရည် တို့ကို ပါဝင်အချိုး အစား အတိုင်း ထည့်ပြီး ရောမွှေပေးပါ။ (ပဲငံပြာရည် အပျစ်သည် အရောင်အတွက် ထည့်ခြင်း ဖြစ်ပါသည် မထည့်လျှင်လည်း ရပါသည်။)
ဆော့ အနည်းငယ်ပျစ်နေပါက ရေ အနည်းငယ် မျှထည့်ပြီး မွှေပေးပါ။
ကြက် တစ်ကောင်လုံးကို ဓားဖြင့် အနည်းငယ် မွှန်းပြီး ဖျော်ထားသည့် ဆော့ဖြင့် နှံ့အောင် ရောနှယ်ပေးကာ ရေခဲသေတ္တာ ထဲတွင် အနည်းဆုံး ၄ နာရီ ကြာမျှ ထည့်ထားရပါမည်။
ကြာကြာ နှင့် တစ်ညသိပ် ထားလျှင် ပိုကောင်းပါသည်။ ထို့နောက် ပုံတွင် ပြထားသည့် အတိုင်း ကြက်ကို ဝါးညှပ်ဖြင့် ညှပ်ကာ မီးသွေးမီးဖို မီးအေးအေးဖြင့် တစ်ဖက်စီ လှန်ကာ ဖြေးညှင်းစွာဖြင့် ကင်ပေးရပါမည်။
ကြက်အသားများရဲလာပြီး အနံ့ မွှေးလာပါက အရသာ ရှိစွာ အသင့် စားသုံးနိုင်ပါသည်။ အနံ အရသာ အထူး ကောင်းမွန်လှသော ကြက်သားကင် ဖြစ်ပါသည်။
Credit: ဇွဲသုသု