အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချိစ်များများနဲ့ အရသာရှိတဲ့ ချိစ်အစာသွပ် ပေါင်မုန့်ဆင်းဝှစ်ချ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တစ်ချပ်ချင်းစီး မလှီးဖြတ်ရသေးသော ပေါင်မုန့်လုံး ၁ လုံး
  • အမေရိကန်ချိစ် ၈ ပြား
  • Cheddar ချိစ် ၆ ပြား
  • Mozzarella ချိစ် ၆ ပြား
  • မိရောနိစ် ၅၀ ဂရမ် (ပန်းကန်လုံးတစ်ဝက်စာ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပေါင်မုန့်ကို အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းထားပါ။

၃။ ထို့နောက် ပေါင်မုန့် ၂ ခုကို လက်မဝက်အချိုင့်ကလေးများဖြစ်သွားအောင်လို့ အထဲကပေါင်မုန့်သားများကို ဇွန်းဖြင့် အနည်းငယ် ဖယ်ထုတ်ထားလိုက်ပါ။

၄။ ပေါင်မုန့် ၂ ခုအောက်မှာ ဆီစုပ်စက္ကူလေး ခံထားလိုက်ပါ။ ပြီးရင် ပေါင်မုန့် ၂ ခုစလုံးကို မှောက်ခုံထားလိုက်ပြီး မိရောနိစ် သုပ်လိမ်းလိုက်ပါ။

၅။ တစ်ဖန် ပေါင်မုန့်ကို စောစောကချိုင့်ဝင်နေတဲ့နေရာ ပြန်မြင်ရအောင်လို့ ပြန်လှန်ပေးလိုက်ပါ။ ပြီးရင် အမေရိကန်ချိစ်ပြားကို ပေါင်မုန့်တစ်ခုကို ၄ ပြားစီထည့်ပါ။ ထို့နောက် Cheddar ချိစ် ၃ ပြားစီနှင့် Mozzarella ချိစ် ၃ ပြားစီထည့်ပါ။

၆။ ထို့နောက် ထိုပေါင်မုန့် ၂ ခုကို လင်ဗန်းပေါ်တင်ပြီးနောက် Oven ထဲတွင် ၁၈ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက ရွှေညိုရောင်ပြောင်းနေတဲ့ ချိစ်လေးကို မြင်တွေ့ရပါလိမ့်မယ်။

၈။ ထို့နောက် ဆင်းဝှစ်ချ်ပုံစံဖြစ်သွားအောင်လို့ ပေါင်မုန့်တစ်ခုကို ကျန်ပေါင်မုန့်တစ်ခုပေါ်သို့ မှောက်ခုံအုပ်လိုက်ပါ။

၉။ ထို့နောက် ၁၀ မိနစ်ခန့် စောင့်ပြီးမှ ပေါင်မုန့်ကို အလယ်တည့်တည့်ကနေ တစ်ဝက် ဝက်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အစာသွပ် ပေါင်မုန့်ဆင်းဝှစ်ချ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com