မနက်စာကို အရသာရှိရှိလည်း သုံးဆောင်ချင်တယ် ပေါ့ပေါ့ပါးပါးလေးနဲ့ ပြုလုပ်ရလွယ်ကူတာမျိုးလည်း ဖြစ်ရမယ်ဆိုတဲ့ အစားအစာချစ်သူများအတွက် ဒီတစ်ခါမှာတော့ ချိစ်အရသာ ပေါင်မုန့်မီးကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၂ ချပ်
  • မိရောနိစ် (သို့) ထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ချိစ် ၃ အောင်စ (အချောင်းလိုက် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့်ချပ်များရဲ့ တစ်ဖက်တစ်ချပ်စီကို ထောပတ် (သို့) မိရောနိစ်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ် သုတ်လိမ်းပေးလိုက်ပါ။

၃။ ဒယ်အိုး ပူလာပြီဆိုရင်တော့ ထောပတ် (သို့) မိရောနိစ် သုတ်လိမ်းထားသော ချိစ်များကို ဒယ်အိုးပူပေါ် တင်ထားလိုက်ပါ။

၄။ ထို့နောက် ပေါင်မုန့်ချပ်ပေါ်တွင် ချိစ်များ အညီအမျှ ခွဲထည့်ထားလိုက်ပါ။

ချိစ်များ အရည်ပျော်စ ပြုလာတဲ့အခါမှာတော့ ပေါင်မုန့်ချပ်များကို ပူးကပ်ပေးလိုက်ပါ။

၂ မိနစ်၊ ၃ မိနစ်ခန့် ပြည့်ပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ကင်ပေးလိုက်ပါ။

ပေါင်မုန့်က ရွှေညိုရောငလေး သမ်းလာပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ မနက်စာအဖြစ် နွားနို့ (သို့) ကော်ဖီပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်တဲ့ ချိစ်အရသာ ပေါင်မုန့်မီးကင်လေး ရရှိသွားပါပြီ။

သစ်သီးဖျော်ရည်များနဲ့လည်း အင်မတန်လိုက်ဖက်တဲ့ အစားအစာလေးဆိုလည်း မမှားပါဘူး။

Source: Simplyrecipes.com