Sandwich ချစ်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိပြီး စားချင်စဖွယ်လေးဖြစ်တဲ့ Monte Cristo Sandwich ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီ Monte Cristo Sandwich က တခြား Sandwich ထက် ပိုပြီးထူးထူးခြားခြားလေးဖြစ်နေတာမို့ ပိုပြီးစားလို့ကောင်းပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းပါတယ်။

တစ်ယောက်ထဲစားမယ်ဆိုရင် ပေါင်မုန့် ၃ ချပ်ကိုယူပြီး ဘေးသားတွေ လှီးထုတ်ပါ။ ပေါင်မုန့်သားထူထူလေးနဲ့ ကောင်းတာကို သုံးပေးပါ။

ဘေးသားတွေလှီးပြီးရင် တစ်ချပ်ယူပြီး စတော်ဘယ်ရီယိုသုတ်ပေးပါ။ အပေါ်ကနေ ချိစ်အပြား တစ်ပြားတင်ပါ။ ချိစ်အပေါ်ကနေ Ham အသားပြား ၂ ပြားတင်ပါ။ ပြီးရင် ချိစ်အပြား တစ်ပြားထပ်တင်ပါ။ နောက်ပေါင်မုန့်တစ်ချပ်ကိုယူပြီး စတော်ဘယ်ရီယိုုသုတ်ပါ။ ပြီးရင် ချိစ်အပြားပေါ် တင်ပါ။

တင်ပြီးရင် အပေါ်ဘက်ကို စတော်ဘယ်ရီယိုသုတ်ပါ။ ပြီးရင်ခုနကလိုပဲ ချိစ်ပြားတစ်ပြားတင်၊ Ham အသားပြား ၂ ပြားတင်၊ ချိစ်အပြား တစ်ပြားထပ်တင်ပါ။ ပြီးတာနဲ့ ပေါင်မုန့်တစ်ချပ်ကိုယူပြီး စတော်ဘယ်ရီယိုသုတ်ကာ ချိစ်အပြားပေါ် ခုနကလိုပဲ တင်ပါ။

လူများများစားမယ်ဆိုရင်တော့ နောက်ပေါင်မုန့်တွေကိုလည်း ဒီအတိုင်းပဲ ဆက်လုပ်ရုံပါပဲနော်။

အားလုံးပြီးရင် ပန်းကန်လုံးထဲကို ကြက်ဥထည့်ခလောက်ထားပါ။ နောက်ထပ် ပန်းကန်ပြားထဲကို Bread crumbs တွေ အဆင်သင့်ထည့်ထားပါ။ မီးဖိုပေါ်မှာ ဆီအိုးတင်ထားပါ။

အဆင်သင့်ဖြစ်ပြီဆိုရင် ခုနကလုပ်ထားတဲ့ ပေါင်မုန့်ကို ကြက်ဥပန်းကန်ထဲနှစ်ပါ။ ပြီးရင် Bread crumbs တွေသုတ်ပါ။ ပြီးရင်တော့ ဆီအိုးထဲ ထည့်ကြော်ရုံပါပဲ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး လှလှပပလေး လှီးပြီး အချဉ်နဲ့တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Monte Cristo Sandwich ကို ရရှိသွားပါပြီ။

Source: www.cookingtree