အရသာရှိတဲ့ ပရိုတင်း Smoothie ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ Smoothie ဖြစ်တာကြောင့် လူတိုင်းနဲ့တည့်ပြီး လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

ပရိုတင်း Smoothie ပြုလုပ်ဖို့ Blender ထဲကို ရေခဲ – ပန်းကန်လုံးတစ်ဝက်စာထည့်ပါ။ ငှက်ပျောသီး – ၁ လုံးနဲ့ အုတ်ဂျုံ (Oat) – ပန်းကန်လုံးသေး တစ်ဝက်စာ၊ နွားနို့ – ပန်းကန်လုံးအလတ် – ၁ လုံးစာနဲ့ Peanut Butter – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကိုထည့်ပြီး မွှေလိုက်ပါ။

မွှေပြီးတာနဲ့ ပန်းကန်ထဲထည့်ပြီး သောက်လို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပရိုတင်း Smoothie ကို ရရှိသွားပါပြီ။

Source: www.northwellhealth