အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းကတော့ ထောပတ်အရသာပါဝင်တဲ့ ကြက်တောင်ပံမီးဖုတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံမှုန့် ၃၂ ဂရမ်
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထောပတ် ၃၂ ဂရမ်
  • ကြက်တောင်ပံ ၄ ပေါင်ခန့်
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ကြက်တောင်ပံများကို ရေအေးအေးဖြင့် ဆေးထားပြီးနောက် တစ်သျှူးများဖြင့် ခြောက်သွေ့အောင် သုတ်ထားလိုက်ပါ။

၃။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်တောင်ပံများကို ဟင်းသီးဟင်းရွက်ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၄။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဂျုံမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို သမအောင် ရောမွှေထားပြီးနောက် စောစောက ကြက်သားပန်းကန်ထဲလောင်းထည့်ကာ သမအောင် နယ်ဖတ်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ကြက်တောင်ပံများကို Oven ထဲထည့်မယ့် လင်ဗန်းထဲမှာ အစီအရီထည့်ထားပြီးနောက် Oven ထဲတွင် ၄၅ မိနစ်ခန့် ထည့်ဖုတ်ပေးရပါမယ်။

၆။ ဒယ်အိုးတစ်လုံးကို မီးအေးအေးဖြင့် အပူပေးပြီးနောက် ထောပတ်ကို အရည်ဖျော်လိုက်ပါ။ ထို့နောက် ရှာလကာရည်နှင့် ဆော့စ်တို့ဖြင့် သမအောင် ရောမွှေကာ အပူပေးလိုက်ပါ။

၇။ ထို့နောက် မီးဖုတ်ပြီးသွားသော ကြက်တောင်ပံများကို ထောပတ်ဒယ်အိုးထဲထည့်ကာ နယ်ဖတ်ပေးလိုက်ပါ။

ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ထောပတ်အရသာ ကြက်တောင်ပံမီးဖုတ်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာ ဆော့စ်၊ အချဉ်တို့ဖြင့် တို့စားကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com