မနက်စာပြင်ဆင်ဖို့အတွက် အချိန်အများကြီးမပေးချင်ဘူးဆိုရင်တော့ ငှက်ပျောသီးပန်ကိတ်လေးကို စမ်းလုပ်ကြည့်ပါ။ ပါဝင်ပစ္စည်းတွေကလည်း ရိုးရှင်းပြီး အချိန်ကလည်း မိနစ် ၃၀ လောက်ဘဲကြာတာမလို့ အချိန်ကုန်သက်သာစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁ ခွက်
  • ကြက်ဥ ၂ လုံး
  • ငှက်ပျောသီးမှည့် ၁ လုံး
  • Flax စားပွဲတင်ဇွန်း ၁ ဇွန်း
  • Baking Powder လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Baking Soda လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
  • နို့ ၃/၄ ခွက်
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဇလုံတစ်ခုထဲမှာ ဂျုံမှုန့်၊ Flax၊ Baking Powder၊ Baking Soda နဲ့ ဆားတို့ကို ပေါင်းထည့်ပြီး သမအောင်မွှေပေးပါ။

ပြီးရင် Vanilla Extract၊ ကြက်ဥ၊ ငှက်ပျောသီးနဲ့ နို့တိုကို ထပ်ရောပြီး သမအောင် ထပ်မွှေပေးပါ။

ဒယ်အိုးအသေးတစ်လုံးကို အပူပေးပြီး အောက်ခြေမကပ်ဖို့ ထောပတ် သို့မဟုတ် အုန်းဆီထည့်ပြီး အပူ ပေးပေးပါ။

ပန်ကိတ်တစ်ခုစီအတွက် မုန့်နှစ် ဇွန်း ၂ သို့မဟုတ် ၃ ဇွန်းထည့်ပေးပါ။ လိုချင်တဲ့ပမာဏပေါ်မူတည်ပြီး ထည့်လို့ရပါတယ်။၂ မိနစ် ၄ မိနစ်လောက် ဆို မုန့်ကိုလှန်ပေးပါ။

ပန်ကိတ်အကုန် ရပြီဆိုရင်တော့ Maple Syrupတွေကို ပန်ကိတ်ရဲ့အပေါ်မှာ စမ်းပြီး ထောပတ်၊ Cacao Nibs ၊ လတ်ဆတ်တဲ့ အသီးအနှံတို့နဲ့ အတူ အရသာရှိရှိ စားသုံးလို့ရပါပြီ။