အသားကင်တဲ့နေရာမှာ အသားကို ပိုပြီးအရသာရှိအောင် အသုံးပြုတဲ့ ဆော့စ်က အကင်ရဲ့ အရသာကောင်းမွန်ဖို့အတွက် အရေးပလှပါတယ်။ အရသာရှိတဲ့ အသားကင်တဲ့ဆော့စ်ကို လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။
ပါဝင်ပစ္စည်းများ
Photo Credit- www.fabhow.com
- Molasses (သကြားကနေ သို့ ကြံကနေလုပ်ထားတဲ့ အနှစ်) (စားပွဲတင်ဇွန်း ၅ ဇွန်း)
(City Mart မှာ ရပါတယ်။)
- ဟင်းသီးဟင်းရွက်ဆီ (စားပွဲတင်ဇွန်း ၅ ဇွန်း)
- ကြက်သွန်နီ တောက်တောက်စဉ်း (ပန်းကန်လုံး ၃ လုံးစာ)
- ခရမ်းချဉ်သီး တောက်တောက်စဉ်း (ပန်းကန်လုံး ၂ လုံး နီးပါး)
- ကြက်သွန်ဖြူ တောက်တောက်စဉ်း (စားပွဲတင်ဇွန်း ၁ ဇွန်း)
- ငရုတ်ကောင်း အနည်းငယ် (အရသာအပေါ်မူတည်ပြီးထည့်ရပါမယ်)
- ကြက်သားမှုန့် အနည်းငယ် (အရသာအပေါ် မူတည်ပြီးထည့်ရပါမယ်)
- Red Pepper Powder (ငရုတ်သီးအရောင်တင်မှုန့်) (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
(City Mart မှာ ရပါတယ်။)
- ဇီရာစေ့ အမှုန့် (စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ ပုံ)
- တရုတ်နံနံပင် အမှုန့် (စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ ပုံ)
- သကြား (စားပွဲတင်ဇွန်း ၅ ဇွန်း)
- Worcestershire Sauce (စားပွဲတင်ဇွန်း ၂ ဇွန်း)
- ပန်းသီးရှာလကာရည် (စားပွဲတင်ဇွန်း ၁၂ ဇွန်း)
- အဖြူရောင် ရှာလကာရည် (လက်ဖက်ရည်ဇွန်း ၄ ဇွန်း)
- ရေ
စတဲ့ပါဝင်ပစ္စည်းတွေလိုအပ်ပါတယ်။
ပြုလုပ်နည်း
အဆင့် (၁) ဒယ်အိုးထဲမှာ ဆီကို အပူပေးလိုက်ပါ
Photo Credit-www.fabhow.com
ဆီ စားပွဲတင်ဇွန်း ၅ ဇွန်းကို ဒယ်အိုးထဲထည့်ပြီး မီးကို အလယ်အလတ်ထားပြီး အပူပေးလိုက်ပါ။
အဆင့် (၂) ကြက်သွန်နီတွေကို ထည့်လိုက်ပါ။
Photo Credit- www.fabhow.com
ကြက်သွန်နီ ပန်းကန်လုံး ၃ လုံးစာကို ထည့်ပါ။
အဆင့် (၃) ကြက်သွန်ဖြူကို ထည့်ပါ။
Photo Credit- www.fabhow.com
တောက်တောက်စဉ်းထားတဲ့ ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်းကို ထည့်ပါ။
အဆင့် (၄) ရွှေညိုရောင်ပြောင်းသွားတဲ့အထိ ကြော်ပါ။
Photo Credit- www.fabhow.com
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ရွှေညိုရောင် ပြောင်းသွားတဲ့အထိ ကြော်ပါ။ ယောင်းမနဲ့ ဖြည်းဖြည်းချင်းစီ မွှေပါ။
အဆင့် (၅) Molasses ကိုထည့်ပါ။
Photo Credit- www.fabhow.com
Molasses စားပွဲတင်ဇွန်း ၅ ဇွန်းကို ထည့်ပြီး သမအောင် မွှေပါ။
အဆင့် (၆) သကြားကိုထည့်ပါ။
Photo Credit- www.fabhow.com
အညိုရောင် သကြားရှိရင် အညိုရောင် သကြား (သို့) အိမ်မှာ သုံးနေကျ သကြားကိုလည်း ထည့်ပါ။
အဆင့် (၇) ကြက်သားမှုန့်အနည်းငယ်ထည့်ပါ။
Photo Credit- www.fabhow.com
အရသာအပေါ် မူတည်ပြီး ကြက်သားမှုန့် အနည်းငယ်ထည့်ပါ။
အဆင့် (၈) Red Pepper Powder ကို ထည့်ပါ။
Photo Credit- www.fabhow.com
Red Pepper Powder (ငရုတ်သီးအရောင်တင်မှုန့်) ကို အနံ့အတွက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။
အဆင့် (၉ ) ဇီယာစေ့အမှုန့်ကို ထည့်ပါ။
Photo Credit- www.fabhow.com
ချို စိမ့် အရသာရအောင် ဇီယာစေ့အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံကို ထည့်ပါ။
အဆင့် (၁၀) တရုတ်နံနံပင် အမှုန့် ကိုထည့်ပါ။
Photo Credit- www.fabhow.com
လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံကို ထည့်ပါ။ ပြီးရင် မွှေပါ။
အဆင့် (၁၁) ခရမ်းချဉ်သီးတွေကို ထည့်ပါ။
Photo Credit- www.fabhow.com
တောက်တောက်စဉ်းထားတဲ့ ခရမ်းချဉ်သီး တွေကို ထည့်ပါ။
အဆင့် (၁၁) (ခ) ခရမ်းချဉ်သီးတွေကို ကျက်တဲ့အထိ မွှေပါ။ ယောင်းမလေးနဲ့ ကြေအောင် မွှေပေးပါ။
Photo Credit- www.fabhow.com
အဆင့် (၁၂) ပန်းသီး ရှာလကာရည်ကို ထည့်ပါ။
Photo Credit- www.fabhow.com
ပန်းသီး ရှာလကာရည် စားပွဲတင်ဇွန်း ၁၂ ဇွန်းကို ထည့်ပြီး မွှေပါ။
အဆင့် (၁၃) ၁ နာရီလောက် နှပ်ထားပါ။
မီးအေးအေးလေးနဲ့ ၁ နာရီလောက် နှပ်ထားပါ။
အဆင့် (၁၄) ရှာလကာရည်ကို ထည့်ပါ။
Photo Credit- www.fabhow.com
၁ နာရီကြာတဲ့အခါမှာ ရှာလကာရည်ကို ထည့်လိုက်ပါ။
အဆင့် (၁၅) Worcestershire Sauce ကိုထည့်ပါ။
Photo Credit- www.fabhow.com
Worcestershire Sauce စားပွဲတင်ဇွန်း ၂ ဇွန်းကို ထည့်ပါ။
အဆင့် (၁၆) ငရုတ်ကောင်း ကို ထည့်ပါ။
Photo Credit- www.fabhow.com
ငရုတ်ကောင်းကို အရသာအပေါ် မူတည်ပြီး မှည့်ပါ။
အဆင့် (၁၆) (ခ) ဒီအဆင့်မှာ ဆော့စ် ကအရမ်းချိုနေရင် ဆားအနည်းငယ်ထည့်ထပ်လို့ရပါတယ်။
Photo Credit- www.fabhow.com
အဆင့် (၁၇) ဖျော်စက် (Blender) ထဲထည့်ပါ။
Photo Credit- www.fabhow.com
အဆင့် (၁၈) ဖျော်စက် (Blender) နဲ့ ကျိတ်လိုက်ပါ။
Photo Credit- www.fabhow.com
ဖျော်စက်ထဲမှာ ကြေညက်နေုအောင် ကျိတ်ရပါမယ်။
အဆင့် (၁၈) (ခ) လိုအပ်ရင် ရေအနည်းငယ်ထည့်ပါ။
အဆင့် (၁၉ ) စားသုံးလို့ရပါပြီနော်။
ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်။
ခနောကြက်သားမှုန့်ကို ထုတ်လုပ်ရာမှာ ဓာတုဆေးဝါးတွေနဲ့ ကြာရှည်ခံ ပစ္စည်းတွေကို ထည့်သွင်းထားခြင်းမရှိတာကြောင့် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။
အဲ့ဒီအပြင် အရွယ်ရောက်ပြီးသား ကြက်တွေနဲ့သာ ထုတ်လုပ်ထားတာဖြစ်ပြီး သဘာဝအတိုင်း အခြောက်ခံနေတဲ့နည်းလမ်းကို အသုံးပြုကာ ကြာရှည်ခံပစ္စည်းတွေကို မထည့်ထားပါဘူး။