ထမင်းကြော်ရဲ့ ဘုရင်လို့တောင် တင်စားလို့ရတဲ့ Benihana ထမင်းကြော်ကို အိမ်က ကိုယ်ပိုင်မီးဖိုချောင်မှာ ရိုးရိုးရှင်းရှင်းပါဝင်ပစ္စည်းတွေနဲ့ ကြော်စားလို့ရနိုင်ပါတယ်။ အသားကိုတော့ ကြိုက်နှစ်သစ်ရာ ပုဇွန် သို့မဟုတ် ကြက်သားနဲ ပြုလုပ်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် 2 ခွက် (သို့မဟုတ် ထမင်းဖြူ)
  • ရေ 3 ခွက်
  • မုန်လာဥနီကြီး ၂ လုံး
  • ကြက်သွန်နီအကြီး ၁လုံး
  • ကြက်သွန်မိတ်
  • ကြက်ဥ ၄လုံး
  • ပရိုတင်း ၂ ပေါင် (ကြက်ရင်သား သို့မဟုတ် Jumbo ပုဇွန်)
  • Safflower Oil ၂ ဇွန်း
  • ဆား နဲ့ ငရုတ်ကောင်း
  • နှမ်းစေ့
  • ထောပတ် ၁ ချောင်း (အပျော့စား)
  • ကြက်သွန်ဖြူ ၂မွှာ (နုပ်နုပ်စဉ်းထားပါ)
  • သံပုရာသီး ၁ လုံး
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ချက်ပြုတ်နည်းအဆင့်ဆင့်

ဆန်ကို ပန်းကန်လုံး (သို့မဟုတ်) အိုးကြီးတစ်ခုထဲမှာ ရေ ၃ ခွက်နဲ့ ထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး မွှေပေးပါ။ အပူကို မြင့်အောင်ဖွင့်ပါ။ ရေဆူလာတာနဲ့ မွှေပြီးရင်းမွှေပေးပါ။ အိုးကို အဖုံးအုပ်ထားပါ။ မီးလျှော့ပြီး နောက်ထပ် မိနစ် 20 လောက် ဆူအောင်တည်ထားပေးပါ။ အပူမှ ဖယ်ပြီး နောက်ထပ် မိနစ် 20 ခန့် (အဖုံးဖွင့်ထားပါ)

ကျက်သွားတဲ့ထမင်းကို မုန့်ဖုတ်ဗန်းကြီးတစ်ခုနဲ့ ထည့်ပြီး ရေဓာတ်ခန်းခြောက်သွားအောင် တစ်ညလုံး အအေးခံထားပါ။ ဒီအဆင့်ကို မဖြစ်မနေ လုပ်ပေးပါ။ နို့မို့ဆို ထမင်းကြော်က စိုစိုကြီးဖြစ်နေမှာမလို့ပါ။

ကြက်သွန်ဖြူထောပတ်လုပ်ဖို့ ထောပတ်နဲ့  ပါးပါးလှီးထာတဲ့ ကြက်သွန်ဖြူ၊ သံပုရာရည်၊ ပဲငံပြာရည် အနည်းငယ်နဲ့ ရောပြီး မွှေပါ။

ကြက်သွန်နီနဲ့ မုန်လာဥနီတို့ကို ရွှေညိုရောင်ဖြစ်လာတဲ့အထိ မွှေပေးပါ။ နောက်ဆုံးချခါနီး ကြက်သွန်မြိတ်ထည့်ပါ။ ဘေးဖယ်ထားပါ။

ဆီအနည်းငယ်ကို အပူပေးပြီး ကြက်ရင်အုံကို ဆီသတ်ပါ။ ခနနေရင် ကြက်သွန်ဖြူ ထောပတ် ကိုထည့်ပြီး ကြက်သားလုံးလုံး နှံ့သွားသည်အထိ ရောမွှေပြီး ဘေးဖယ်ထားပါ။ ကြက်ဥကိုမွှေထားပေးပါ။

ဒယ်အိုးကြီးတစ်ခုထဲကို ဆီ နဲ့ ဆန်ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ။ ကြက်သွန်ဖြူ ထောပတ်ထည့်ပါ။ ကြက်သွန်ဖြူ ထောပတ်နဲ့ထမင်းကို နှံ့စပ်အောင် မွှေပေးပါ။ အသီးအရွက်၊ကြက်သား၊ကြက်ဥတို့ကို ထည့်ပါ။ သမအောင် မွှေပေးပါ။

ထမင်းကြော်ကို ပဲငံပြာရည်၊ ဆား၊ ငရုတ်ကောင်း တို့ထည့်ပြီး အပေါ်ကနေ နှမ်းစေ့ဖြူးပေးပါ။