Ramen ခေါက်ဆွဲဆိုတာ လူကြိုက်များတဲ့ ဂျပန်အစားအစာတစ်မျိုးပါ။ Ramen ခေါက်ဆွဲကို အပြင်မှာသွားမစားပဲ အိမ်မှာလုပ်စားချင်တဲ့သူတွေအတွက် အရသာရှိပြီး စားချင်စဖွယ်လေးဖြစ်အောင် ပြင်ဆင်ပြုလုပ်လို့ရမယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Ramen ခေါက်ဆွဲပြုလုပ်ဖို့ ကြက်သွန်ဖြူတစ်တက်ကို သေးသေးလေးတွေ လှီးပေးပါ။ ဂျင်းအနည်းငယ်ကိုလည်း အတုံးသေးသေးလေးတွေ လှီးပေးပြီး ကြက်သွန်မြိတ်ကိုလည်း အနည်းငယ်လှီးပေးပါ။

နောက်တစ်ဆင့်အနေနဲ့ ကြက်သားကိုယူပြီး နှစ်ဖက်လုံးကို ဆားအနည်းငယ်၊ ဟင်းခတ်မွှေးအကြိုင်နဲ့ မဆလာ အနည်းငယ်ဖြူးပေးပါ။

Source: www.youtube.com

ဒယ်ပြားထဲကို မီးဖိုပေါ်တင်ကာ ထောပတ်ထည့်ပြီး ဒယ်အိုးကိုသုတ်ပေးပါ။ ဆီနေရာမှာ ထောပတ်ကို အစားထိုးပြီး သုံးလိုက်တာပါ။ ပြီးရင်တော့ ကြက်သားကိုထည့်ပြီး ဟိုဘက်ဒီဘက်လှန်ပေးပါ။ ကြက်သား အနည်းငယ်ကျက်သွားပြီဆိုရင်တော့ ကြက်သားကို မုန့်ဖုတ်စက်ထဲမှာ မိနစ် ၂၀ လောက်ထည့်ထားပေးပါ။

Source: www.youtube.com

ကြက်စွပ်ပြုတ်ပြုလုပ်ဖို့ အိုးထဲကို ထောပတ် အနည်းငယ်ထည့်ပြီး လှီးထားတဲ့ ဂျင်းကိုထည့်ကာ မွှေပေးပါ။ ပြီးရင်တော့ ပဲငံပြာရည်၊ ရှာလကာရည်နဲ့ ကြက်ပြုတ်ရည်တို့ကို ထည့်ပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ အဖုံးဖွင့်ပြီး ၅ မိနစ်လောက်ထားပေးပါ။

Source: www.youtube.com

နောက်ထပ်အိုးအသစ်ထဲမှာ ဘဲဥ (သို့) ကြက်ဥ နှစ်လုံးကို ပြုတ်ထားလိုက်ပါ။ မကျက်တကျက်လေးပြုတ်ပေးတာ ပိုကောင်းပါတယ်။

နောက်ထပ်တစ်ဆင့်အနေနဲ့ မုန့်ဖုတ်စက်ထဲထည့်ထားတဲ့ ကြက်သားကိုယူပြီး တစ်လက်မလောက်အတုံးလေးတွေ လှီးပေးပါ။ ပြီးတာနဲ့ နောက်ထပ်အိုးအသစ်နဲ့ ခေါက်ဆွဲပြုတ်ပေးရပါမယ်။ ခေါက်ဆွဲပြုတ်တဲ့အခါမှာ ဘာမှထည့်ပေးစရာမလိုပါဘူး။

Source: www.youtube.com

ခေါက်ဆွဲရပြီဆိုရင်တော့ ခေါက်ဆွဲဖတ်တွေကိုဆယ်ပြီး ပန်းကန်ထဲကိုထည့်ပေးပါ။ ပြီးတာနဲ့ ပထမပြုတ်ထားတဲ့ ကြက်ပြုတ်ရည်ကို ထည့်ပေးပါ။ ခုနကလှီးထားတဲ့ကြက်သားတွေကိုလည်း ထည့်ပေးပါ။ ပြုတ်ထားတဲ့ ကြက်ဥ (သို့) ဘဲဥကိုလည်း နှစ်ခြမ်း ခြမ်းထည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်လေးတွေဖြူးပေးပါ။

Source: www.youtube.com

နောက်ဆုံးမှာတော့ စားချင်စဖွယ်ပုံစံလေးနဲ့ အရသာပိုကောင်းတဲ့ Ramen ခေါက်ဆွဲတစ်ပွဲကို ရရှိသွားပါပြီ။ လုပ်ရတဲ့အဆင့်တွေများပေမယ့် သေချာလုပ်မယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။

Source: www.youtube.com