အပြင်ပိုင်းက ကြွပ်ရွပြီးတော့ အတွင်းသားကနူးအိနေတဲ့ ပြည်ကြီးငါးအကြွပ်ကြော်လောက် ဘယ်ဟင်းပွဲမှ အရသာရှိနိုင်မယ်မထင်ပါဘူး။ နိုင်ငံတကာ အစားအစာတစ်မျိုးဖြစ်တဲ့အပြင် ဘယ်လိုအချိန်မှာစားစား ခံတွင်းအမြဲတွေ့စေမယ့် ဟင်းလျာလေးဆိုလည်း မမှားပါဘူး။
ကဲ…ဒါဆိုရင် ပြုလုပ်ရလွယ်ကူတဲ့ ချက်နည်းလေးကို ပြောပြပေးမယ်နော်။
ပါဝင်ပစ္စည်းများ
ပြည်ကြီးငါး – ၅၀၀ ဂရမ်
နို့ – ၄၀၀ မီလီလီတာ
ပြောင်းမှုန့် – ၇၀ ဂရမ်
ဂျုံမှုန့် – ၇၀ ဂရမ်
လီမွန် – ၂ လုံး
တရုတ်နံနံ (နုပ်နုပ်စဉ်းပြီး) – စားပွဲတင်ဇွန်း ၂ ဇွန်း
ဟင်းချက်ဆီ
ပြင်ဆင်ပြုလုပ်ပုံ
၁။ ပြည်ကြီးငါးကို သေချာသန့်စင်အောင် ဆေးကြောပြီး ၁ စင်တီမီတာလောက်ရှိတဲ့ အကွင်းလေးတွေလှီးပေးပါ။ ရလာတဲ့ပြည်ကြီးငါးကွင်းလေးတွေကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီး နူးညံ့သွားအောင်လို့ နို့တွေလောင်းထည့်ကာ နာရီဝက်ထားပေးပါ။ ကြာကြာထားလေ ပိုနူးညံ့လေပါပဲ။
၂။ အတန်ငယ်နက်တဲ့ ပန်းကန်လုံးတစ်ခုထဲကို ပြောင်းမှုန့် ၇၀ ဂရမ်၊ ရိုးရိုးဂျုံမှုန့် ၇၀ ဂရမ်ရောထည့်ပါ။ ဆား၊ ငရုပ်ကောင်းအနည်းငယ်စီထည့်ပြီး အရသာဖြည့်ပေးပါ။ လီမွန်အခွံခြစ်လေးတွေ၊ တရုတ်နံနံနုပ်နုပ်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကိုပါ ရောထည့်နယ်ကာ ခဏဘေးဖယ်ထားပါ။
ပြည်ကြီးငါးတွေကို အရည်ညှစ်ပစ်ပြီးတော့ ဂျုံအရောထဲထည့်ကာ သေချာနှံ့အောင်နယ်အောင် နယ်ပေးလိုက်ပါ။
၃။ လက်ကိုင်တပ်ဒယ်အိုးကျယ်ကျယ်တစ်ခုထဲကို ဆီများများထည့်ပြီးတော့ အပူပေးပါ။ ဆီပူလာပြီဆိုရင် ပြည်ကြီးငါးကွင်းလေးတွေကို ထည့်လိုက်ပြီး ၂ မိနစ် ၃ မိနစ်လောက် ကြော်ပေးပါ။ ဟိုဖက်ဒီဖက်လှန်ပေးပြီးတော့ အညိုရောင်သမ်းလာပြီဆိုရင် ဆယ်လိုက်ပါ။
၄။ ဆီသေချာစစ်ပြီးသွားပြီဆိုရင် ပန်းကန်တစ်ခုထဲထည့်လိုက်ကာ ဆားလေးနည်းနည်းဖြူး၊ လီမွန်ခြမ်းလေးတွေ ဘေးမှာအလှဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Credit: realfood.tesco.com