ကြက်အရေခွံ ကြွပ်ကြွပ်လေး စားချင်သူများအတွက် အရသာရှိတဲ့ ကြက်အရေခွံ အကြွပ်ကြော် ကြော်နည်းလေးကို MyFood Myanmar ရဲ့စာဖတ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အရေခွံများ
  • မိမိကြိုက်နှစ်သက်ရာ ဟင်းရွက်အမွှေးအကြိုင်များ
  • ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ကြက်အရေခွံများကို လင်ဗန်းပေါ်တွင် ဖြန့်ကျက်ထားပါ။ ကြက်သွန်နီအမှုန့်များ ဖြူးထည့်ပြီးနောက် အမွှေးရနံ့ဟင်းရွက်များကို ကြက်အရေခွံပေါ် တင်ထားပါ။

၃။ နောက်ထပ်လင်ဗန်းတစ်ချပ်ကို စောစောက ကြက်အရေခွံလင်ဗန်းပေါ် ထပ်တင်ထားလိုက်ပါ။ ထို့နောက် Oven ထဲတွင် မိနစ် ၂၀ ခန့် ထည့်ပြီး အပူပေးထားပါ။

၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ကြက်အရေခွံပေါ် တင်ထားသော လင်ဗန်းကို ဖယ်ရှားပြီး ၁၅ မိန်ခန့် အအေးခံထားလိုက်ပါ။

၅။ ပြီးရင်တော့ ဆား၊ ငရုတ်ကောင်းမှုန့်လေးများ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်အရေခွံ အကြွပ်ကြော်လေးတွေ ရရှိသွားပါပြီ။

Source: Thespruceeats.com