ဟင်းလျာများ ပြင်ဆင်ချက်ပြုတ်တဲ့အခါ အရသာရှိရုံတင်မက အမြင်လှအောင်ပါ ပြင်ဆင်တတ်ကြတဲ့ အိမ်ရှင်မတွေအတွက် ဒီတစ်ခါမှာတော့ ချစ်စရာကောင်းပြီး တိမ်ပုံသဏ္ဍာန်ပုံဖော်ထားတဲ့ ကြက်ဥ Half-Fried ကြော်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • ပင်လယ်ဆား အနည်းငယ်
  • Parmesan ချိစ် စားပွဲတင်ဇွန်း ၄ ဇွန်း (အချောင်းလိုက် လှီးဖြတ်ထားပါ)
  • ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီစုပ်စက္ကူ ခံထားလိုက်ပါ။ ဆီစုပ်စက္ကူ မရှိပါက ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ကြက်ဥ ၄ လုံးကို အနှစ်သပ်သပ် အကာသပ်သပ် ခွဲထားပါ။ ကြက်ဥအနှစ်တွေကိုတော့ ပန်းကန်လုံးအသေးထဲ ထည့်ထားပြီး ကြက်ဥအကာကိုတော့ ပန်းကန်လုံးအကြီးထဲ ထည့်ထားပါ။

၃။ ကြက်ဥအကာကို အမြှုပ်များ ထလာသည်အထိ မွှေခလောက်ပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်ကျမှ ဆားအနည်းငယ်ထည့်ပြီး အမြှုပ်ထလာသည်အထိ ထပ်မွှေခလောက်ရပါမယ်။

၅။ ထို့နောက် ချိစ်များထည့်ကာ သမသွားသည်အထိ မွှေပေးလိုက်ပါ။

၆။ ရရှိလာတဲ့ ကြက်ဥအကာများကို လင်ဗန်းထဲတွင် အညီအမျှ လေးပုံ ပုံထားလိုက်ပါ။

၇။ ထို့နောက် ဇွန်းတစ်ချောင်းအသုံးပြုပြီး အလယ်တည့်တည့်ကို ချိုင့်ဝင်သွားအောင် ဖိချလိုက်ပါ။

၈။ ထိုကြက်ဥအကာထဲသို့ ကြက်ဥအနှစ်မထည့်သေးဘဲ Oven ထဲတွင် ၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၇။ ငါးမိနစ်ပြည့်မှ Oven ထဲကထုတ်ပြီး ကြက်ဥအနှစ်လေးများ ထည့်ပေးလိုက်ပါ။

၈။ Oven ထဲ ပြန်ထည့်ပြီး ၃ မိနစ် (သို့) ၈ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ ကြက်ဥအနှစ်လေးကို မကျက်တကျက်လေး ကြိုက်တယ်ဆိုရင်တော့ ၃ မိနစ်ဆို လုံလောက်ပါပြီ။ ကြက်ဥအနှစ်ကို ကျက်စေချင်တယ်ဆိုရင်တော့ ၈ မိနစ် ထည့်ဖုတ်ပေးရပါမယ်။

၉။ စာဖတ်သူအနေနဲ့ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ပါက ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်လိုက်ပါ။

Source: Thespruceeats.com