ကြက်အရေခွံကို ဆား၊ ဆနွင်းနယ်ပြီး ကြော်စားရတာရိုးလာရင် ဒီနည်းလမ်းလေး ပြောင်းလုပ်ကြည့်ပါ။ သူက microwave ထဲထည့်ပြီး ကြွပ်ကြွပ်လေးဖြစ်အောင်လုပ်တာမို့ ကြော်တာထက် ပိုစားကောင်းပါတယ်။ ဒါဆိုရင် အရသာရှိတဲ့ ကြက်အရေခွံအကြွပ်လေးရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။ လုပ်ရမယ့်ပုံစံက အရမ်းလွယ်ကူပြီး ရိုးရှင်းပါတယ်နော်။

အရင်ဆုံး ကြက်အရေခွံတွေကို ရေဆေးပြီး ပြုတ်ပါ။ ပြုတ်ပြီးရင် ပန်းကန်ထဲဆယ်ထည့်ပြီး အဆီဗြင်တွေကို ဖယ်ထုတ်ပါ။ ပြီးရင် ဆီစုပ်စက္ကူနဲ့ ရေစစ်သွားအောင် သုတ်ပေးပါ။

အားလုံးပြီးရင် ကြက်အရေခွံပေါ်ကို ဆား၊ ငရုပ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပါ။

နောက်ဆုံးမှာတော့ အပေါ်ကနေ ဆီစုပ်စက္ကူအုပ်ပြီး microwave ထဲ ၃ မိနစ်ထည့်ထားလိုက်ပါ။

အချိန်ပြည့်ရင်တော့ microwave ထဲကထုတ်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်အရေခွံအကြွပ်ကို ရရှိသွားပါပြီ။ ပြီးရင် ကိုယ်နှစ်သက်ရာ အချဉ်နဲ့ တို့စားနိုင်ပါပြီ။ အချဉ်နဲ့တို့မစားလည်း အမြည်းအဖြစ်နဲ့ စားလို့ရတာပေါ့။

Source: www.pai’skitchen