ကြက်သားထဲမှာ ချိစ်ကိုအစာသွပ်ပြီး ကြော်ထားတာဆိုတော့ စားလိုက်တိုင်းမှာ ချိစ်တွေတွဲလောင်းလေးနဲ့ အရမ်းမိုက်ပါတယ်။ ဆိုင်တွေမှာဝယ်စားရင် လေးခုလောက်ပါတာကို ၂ ထောင်ကြော်ပေးရတာဆိုတော့ အိမ်မှာကိုယ်တိုင်ကြော်စားရင် ပိုပြီးဝဝလင်လင်စားရတာပေါ့။ ဒါကြောင့် ဆိုင်တွေမှာကြော်သလို ကြက်သားကို ချိစ်အစာသွပ်ပြီး ဘယ်လိုကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကြက်သားတွေကို ခွက်ကြီးတစ်ခွက်စာယူပြီး မွှေစက်ထဲထည့်မွှေလိုက်ပါ။ ဒါဆိုရင်တော့ ကြက်သားတွေကြေသွားပါလိမ့်မယ်။ ရလာတဲ့ကြက်သားတွေကို ပန်းကန်လုံးအကြီးထဲထည့်ပြီး ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ကာ သမအောင်နယ်ပေးပါ။

နယ်ပြီးတာနဲ့ အနေတော်လောက်ယူပြီး ပုံမှာပြထားတဲ့အတိုင်း ချိစ်အတုံးသေးတစ်တုံးကိုထည့်ပြီး လုံးပေးပါ။

ကြော်တဲ့အခါမှာသုံးတဲ့ Bread Crumbs တွေကို ပန်းကန်ထဲထည့်ပြီး Oregano အနည်းငယ်ထည့်ကာ မွှေလိုက်ပါ။ ဂျုံမှုန့်ကိုလည်း ပန်းကန်လုံးတစ်လုံးထဲထည့်ပါ။ ကြက်ဥလေးလုံးကိုလည်း ပန်းကန်ထဲထည့်ပြီး ခလောက်ပါ။

ခုနကလုံးထားတဲ့ကြက်သားလုံးတွေကို ဂျုံမှုန့်ပန်းကန်ထဲထည့်နယ်ပြီး ကြက်ဥပန်းကန်ထဲထည့်စိမ်ပါ။ ပြီးရင်တော့ Bread Crumbs တွေထည့်ထားတဲ့ပန်းကန်ထဲထည့်နယ်လိုက်ပါ။ နောက်ဆုံးမှာတော့ ဆီအိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။

ဆီအိုးထဲကထုတ်တာနဲ့ ပန်းကန် (သို့) တစ်ခုခုထဲထည့်ပြီး အချဉ်နဲ့တို့ကာ စားသုံးနိုင်ပါပြီ။ သရေစာအဖြစ်လုပ်စားလည်း အရမ်းစားလို့ကောင်းပါတယ်။

Photo Source: www.tasty.com