တစ်ခါတစ်လေကျရင် စားနေကျအရသာတွေထဲကကွဲထွက်ပြီး ထူးဆန်းတာလေးတွေ လုပ်စားရတာဟာ ပိုပြီးထမင်းစားမြိန်စေပါတယ်။ ဒါကြောင့် ထမင်းစားမြိန်စေဖို့ ပုဇွန်ကို ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ဘယ်လိုကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ပြုလုပ်ရမယ့်ပုံစံကတော့ အခွံခွာပြီးသားပုဇွန် – ၁ ပေါင်ကို ပန်းကန်လုံးထဲ ထည့်ပေးပါ။ ပြီးတာနဲ့ ဆား – အနည်းငယ်နဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်ကို ထည့်နယ်ပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ကြက်ဥ – ၄ လုံးဖောက်ထည့်ပြီး Soda Water  – တစ်ခွက်ခွဲစာထည့်ခလောက်ပါ။ ကိတ်လုပ်တဲ့ဂျုံမှုန့် – ၂ ခွက်စာထည့်မွှေပါ။ ပြီးတာနဲ့ ခုနကနယ်ထားတဲ့ပုဇွန်တွေကို ထည့်စိမ်ပေးရပါမယ်။ စိမ်ပြီးသားပုဇွန်တွေကိုဆယ်ပြီး ပေါင်မုန့်အစအနလေးတွေ (Bread Crumbs) နဲ့ နယ်ပေးရပါမယ်။ နယ်ပြီးတာနဲ့ ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။

ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ နုတ်နုတ်ဆင်းထားတဲ့ကြက်သွန်ဖြူ – ၄ တက်နဲ့ နုတ်နုတ်ဆင်းထားတဲ့ ဂျင်း – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်မွှေပါ။ ပြီးတာနဲ့ ပဲငံပြာရည် – ၁ ခွက်နဲ့ Vinegar – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြားညို – ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာနဲ့ ငရုပ်သီးအကျက်မှုန့် – အနည်းငယ်ထည့်မွှေပါ။

ပွက်ပွက်ဆူထာပြီဆိုရင်တော့ ရေ – ခွက်ရဲ့လေးပုံပုံ တစ်ပုံစာနဲ့ ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ထည့်မွှေပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနကကြော်ထားတဲ့ ပုဇွန်တွေထဲကိုထည့်ပြီး နယ်ပေးပါ။

နောက်ဆုံးမှာတော့ ပန်းကန်ထဲထည့်ပြီး ထမင်းနဲ့တွဲဖက် စားသုံးနိုင်ပါပြီ။ အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးတွေလည်း ဖြူးပေးနိုင်ပါတယ်။

Photo Source: www.tasty.com