အားလုံးပဲမင်္ဂလာနော်။ ထမင်းကြော်ကိုအရိုးရှင်းဆုံး အလွယ်ကူဆုံး ကြော်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- ထမင်း ၂ ခွက် (အအေးခံပါ)
- ဝက်ပေါင်ခြောက်အနည်းငယ်
- အသီးအရွက်များ (မိမိနှစ်သက်ရာထည့်နိုင်ပါတယ်။)
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ခရုဆီ အနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
- ဆီ၊ ဆား
ပြုလုပ်နည်း
အရင်ဆုံး ဆီကိုအပူပေးလိုက်ပြီး ဝက်ပေါင်ခြောက်နဲ့အသီးအရွက်တွေကိုထည့်ကြော်လိုက်ပါ။
အဲဒီနောက် ထမင်း၊ ဆား၊ ပဲငံပြာရည်၊ ခရုဆီတို့ ကိုထည့်ပြီးကြော်လိုက်ပါ။
ရခါနီးရင် ကြက်သွန်မြိတ် ပါးပါးလှီးထည့်လိုက်ပါ။
ဒါဆို စားလို့ရပါပြီနော်။
Source: www.mykoreankitchen.com
By: MyFood Myanmar