ချောကလက်ကြိုက်တဲ့သူတွေဆိုရင်တော့ Oreo ကိုလည်း ကြိုက်ကြမှာပါ။ ဒီလို ချောကလက်ချစ်သူတွေနဲ့ Oreo ချစ်သူများအတွက် Blender ရှိရုံနဲ့ အိမ်မှာ အလွယ်တကူလုပ်သောက်လို့ရမယ့် Oreo Milkshake ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Oreo ကွတ်ကီး – ၁၂ ခု၊ နွားနို့အေး – ခွက် ၂ ခွက်စာ၊ သကြား – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ ရေခဲ – တစ်ခွက်တို့ လိုပါတယ်။

ပါဝင်ပစ္စည်းတွေ အဆင်သင့်လုပ်ပြီးပြီဆိုရင်တော့ Blender ထဲကို ပါဝင်ပစ္စည်းတွေ အကုန်ထည့်ပြီး မွှေပါ။

ပြီးရင်တော့ ကိုယ်သောက်မယ့်ခွက်ထဲကို ချောကလက်ဆော့စ်လေးတွေ သုတ်ပြီး ဖျော်ထားတဲ့ Oreo တွေကို ထည့်ပါ။

အပေါ်ကနေ whipped cream တင်ပြီး Oreo ကွတ်ကီးလေးတွေ ဖဲ့ပြီးတင်၊ ချောကလက်ဆော့စ်လေး နည်းနည်းဆမ်းလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သောက်ချင်စဖွယ် Oreo Milkshake ကို ရရှိသွားပါပြီ။

အများကြီးမလုပ်ချင်ဘူး Oreo Milkshake ကို ဒီတိုင်းပဲသောက်ချင်တာဆိုရင်တော့ မွှေပြီးတာနဲ့ ကိုယ်သောက်မယ့်ခွက်ထဲထည့်ပြီး အဆင်သင့်သောက်လိုက်ရုံပဲနော်။

Source: www.browngirlskitchen