အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ငါးကြော်၊ ငါးပေါင်းတို့နဲ့ လိုက်ဖက်တဲ့ ချဉ်စပ်သရက်သီးဆော့စ် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးစိမ်း ၄ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၃ ဥ
  • သရက်သီးစိမ်း ၁ လုံး

  • သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ငါးငံပြာရည်၊ သံပုရာရည်၊ သကြားတို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၂။ သရက်သီးကို အချောင်းလိုက် ပါးပါးလှီးထားပါ။ (သို့) ခြစ်ပြားဖြင့် ခြစ်ထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။

၃။ ထို့နောက် စောစောက ပန်းကန်လုံးထဲသို့ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ သရက်သီးတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ငါးကြော်၊ ငါးနှပ်၊ ငါးပေါင်းဟင်းစတဲ့ အစားအစာများနဲ့ လိုက်ဖက်တဲ့ ချဉ်စပ်သရက်သီးဆော့စ်လေး ရရှိသွားပါပြီ။

Source: Siamsizzles.com