ယနေ့အချိန် ကိုယ်အလေးချိန်လျော့ကျဖို့ လူအများကြားရေပန်းစားနေတဲ့ ဖျော်ရည်တစ်မျိုးမှာ Green Tea Lemonade ပဲဖြစ်ပါတယ်။ အရသာအလွန်ရှိပြီး အေးမြလန်းဆန်းသည့်အပြင် ပြုလုပ်ရတာလည်း အလွန်လွယ်ကူလွန်းလို့ လူတိုင်းကြိုက်နှစ်သက်မှာအသေအချာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ်အလေးချိန်လျော့ကျဖို့လည်း ကူညီပေးနိုင်မယ့် Green Tea Lemonade ဖျော်ရည်လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ရေ – နှစ်ခွက်

လက်ဖက်ရည်အိတ် – ၁ အိတ်

ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း မှ ၃ ဇွန်း

သံပယိုခွံနှင့်အရည် – အနည်းငယ်စီ

သစ်ကြံပိုးခေါက် – တစ်ဝက်ခန့်

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ဒယ်အိုးထဲကို ရေနှစ်ခွက်လောင်းထည့်ပါ။

၂။ သံပယိုသီးတစ်လုံးရဲ့ အခွံတွေကို အခွံလှီးကိရိယာကိုအသုံးပြုပြီး ပွက်ပွက်ဆူနေသည့်ရေထဲထည့်ပေးပါ။

၃။ သစ်ကြံပိုးခေါက်အချောင်းကို ရေထဲထည့်သွင်းပါ။

၄။ အဖုံးအုပ်ထားပြီး ရေဆူအောင်ထားပေးပါ။

၅။ မီးပိတ်လိုက်၍ လက်ဖက်ရည်အိတ်တစ်အိတ်ကို ထည့်သွင်းပေးပြီး အဖုံးအုပ်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့်ကြာအောင် နှပ်ထားပေးပါ။ ပြီးလျှင် လက်ဖက်ရည်ကိုအအေးခံနိုင်ပါတယ်။

၆။ နောက်တဆင့်အနေနဲ့ အဖတ်တွေကိုစစ်ထားပေးပါ။

၇။ သံပယိုရည်ကို ရရှိလာတဲ့လက်ဖက်ရည်ထဲကို ထည့်ပေးပါ။

၈။ ပြီးလျှင် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရှိသည့် ပျားရည်စစ်စစ်ကိုထည့်ပြီးနောက် ဖြည်းဖြည်းချင်းမွှေပေးပါ။

၉။ ထို့နောက် နောက်ဆုံးအနေနဲ့ Green Tea Lemonade ကို ရေခဲသေတ္တာထဲအအေးခံတာပဲဖြစ်ဖြစ်၊ ရေခဲတုံးထည့်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပြီး သောက်သုံးပေးနိုင်ပါတယ်။