တခါတလေ ကိုယ်ချက်နေကျပုံစံအတိုင်းမဟုတ်ဘဲ တစ်မျိုးဆန်းသစ်တဲ့ပုံစံလေးကို ချက်ပြုတ်ကြည့်ရအောင်။

ဒီဟင်းချက်နည်းက သာမန်ရိုးကျ ကြက်ဥနဲ့ ဝက်ပေါင်ခြောက် ချက်ပြုတ်ပုံစံနဲ့ မတူတဲ့ ဆန်းသစ်တဲ့ပုံစံလေးတွေကို ပေးစွမ်းနိုင်ပါတယ်။

လိုအပ်မည့်ပစ္စည်းများ

ဝက်ပေါင်ခြောက် ၃ ချပ်

ကြက်ဥ ၂ လုံး

တောက်တောက်စဉ်းထားတဲ့ အစိမ်းရောင် ငရုတ်ပွ စားပွဲတင်ဇွန်း ၁ ဇွန်း

တောက်တောက်စဉ်းထားတဲ့ ကြက်သွန်နီ စားပွဲတင်ဇွန်း ၁ ဇွန်း

တောက်တောက်စဉ်းထားတဲ့ ခရမ်းချဉ်သီး စားပွဲတင်ဇွန်း ၁ ဇွန်း

ဆားအနည်းငယ်

ငရုတ်ကောင်းမုန့်အနည်းငယ်

မုန့်ဖုတ်တဲ့ခွက်

ပြုလုပ်နည်း

Oven ကို 350°F လောက်ထားထားပါ။ တောက်တောက်စဉ်းထားတဲ့ ကြက်သွန်နီ၊ ငရုတ်ပွ ခရမ်းချဉ်သီးတို့ကို ဇလုံတစ်လုံးထဲထည့်လိုက်ပါ။ ပြီးရင် ကြက်ဥ၂လုံးကို ခွဲပြီးထည့်ကာ၊ ဆား၊ ငရုတ်ကောင်းတို့ကို ထည့်ပြီး မွှေပါ။

မုန့်ဖုတ်တဲ့ခွက်လေးကို ယူပြီး ခွက်ထဲကို ဆီအနည်းငယ်ထည့်ပါ။ တစ်ခွက်ဆီမှာ ဝက်ပေါင်ခြောက်ကိုထည့်ပါ။

အဲ့ဒီ ခွက်ပုံစံဖြစ်နေတဲ့ ဝက်ပေါင်ခြောက်ထဲကို ကြက်ဥ အနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်ထည့်ပေးပါ။

Oven ထဲထည့်ပြီး ၁၅ မိနစ်လောက် အပူပေးပါ။ ပြီးနောက် Oven ထဲကနေ ထုတ်လိုက်ပြီးရင် အပေါ်ကနေ ခရမ်းချဉ်သီးဆော့စ်တို့ တင်လိုက်ပြီး စားလို့ရပါပြီ။

ခွက်ပုံစံ ဝက်ပေါင်ခြောက်နဲ့ကြက်ဥ မနက်စာကို လျင်မြန်စွာ ချက်ပြုတ်ရအောင်

Source: FabHow