မင်္ဂလာပါ။ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်တယ်ဆိုတာ ပြောတော့သာလွယ်တာပါ လက်တွေ့မှာဘယ်လောက်ခက်ခဲလဲဆိုတာ ဝင်ဖူးသူများသာ သိနိုင်မှာဖြစ်ပါတယ်။

အခြေခံကအစ သေချာမသိထားဘူးဆိုရင် မီးဖိုချောင်ဝင်တဲ့အခါ အကုန်ဗြောက်သောက်တွေ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် အခြေခံချက်ပြုတ်နည်းတစ်ခုဖြစ်တဲ့ ကြက်ဥပြုတ်တဲ့အခါ သပ်သပ်ရပ်ရပ်ဖြစ်စေမယ့် နည်းလမ်းကောင်း နှစ်ခုကိုဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ (အပြုတ်)

  • ကြက်ဥ အရွယ်ခပ်ကြီးကြီး – ၆ လုံး (အအေးခံထားပါ)
  • ရေခဲတုံး – ၄ ခွက်စာ
  • ရေအေး – ၄ ခွက်

ပြင်ဆင်ပုံ

၁။ အိုးကြီးကြီးတစ်လုံးထဲကို ရေထည့်ပြီးတော့ ပွက်အောင်တည်ပေးပါ။ ပွက်လာပြီဆိုရင် ကြက်ဥတွေကို ဖြည်းဖြည်းချင်းထည့်ပေးပါ။

၂။ စက္ကန့် ၃၀ လောက်ပြုတ်ပေးပြီးတော့ အဖုံးအုပ်ကာ မီးလျော့လိုက်ပါ။ မီးအေးသွားပြီးဆိုရင် ၁၂ မိနစ်ဆက်ပြုတ်ပါ။

၃။ ကြက်ဥပြုတ်နေစဉ်မှာ အလယ်အလတ်ပန်းကန်လုံးတစ်ခုထဲကို ရေခဲတုံးတွေ၊ ရေခဲရေတွေထည့်ကာ ပြင်ဆင်ထားပါ။

၄။ ကြက်ဥတွေကျက်သွားပြီဆိုရင် ချက်ချင်းဆိုသလို အသင့်ပြင်ထားတဲ့ ရေအေးပန်းကန်ထဲပြောင်းထည့်လိုက်ပြီး ၁၅ မိနစ်ထားထားပါ။

၅။ အချိန်ပြည့်သွားပါက ကြက်ဥကိုဘေးကနေ အသာလေးခေါက်ပြီးတော့ ခွာလို့ရပါပြီ။

ပါဝင်ပစ္စည်းများ (အပေါင်း)

  • ကြက်ဥ အရွယ်ခပ်ကြီးကြီး – ၆ လုံး (အအေးခံထားပါ)
  • ရေခဲတုံး – ၄ ခွက်စာ
  • ရေအေး – ၄ ခွက်

ပြင်ဆင်ပုံ

၁။ အိုးကြီးကြီးတစ်လုံးထဲကို ရေ တစ်လက်မလောက်ထည့်ပြီးတော့ အတွင်းထဲကို ပေါင်းခံပြားထည့်လိုက်ပါ။ အပေါ်ကအဖုံးအုပ်ပြီး ရေပွက်အောင်တည်ပါ။

၂။ အငွေ့တွေထွက်လာပြီဆိုရင် ညှပ်တွေကိုအသုံးပြုကာ ကြက်ဥတွေကို ပေါင်းခံပြားပေါ်တင်ပေးလိုက်ပါ။ အဖုံးပြန်အုပ်ပြီးတော့ ၁၃ မိနစ်ပေါင်းပါ။

၃။ ကြက်ဥပေါင်းနေချိန် အလယ်အလတ်ပန်းကန်လုံးတစ်ခုထဲကို ရေခဲတုံးတွေ၊ ရေခဲရေတွေထည့်ကာ ပြင်ဆင်ထားပါ။

၄။ ကြက်ဥတွေကျက်သွားပြီဆိုရင် ချက်ချင်းဆိုသလို အသင့်ပြင်ထားတဲ့ ရေအေးပန်းကန်ထဲပြောင်းထည့်လိုက်ပြီး ၁၅ မိနစ်ထားထားပါ။

၅။ အချိန်ပြည့်သွားပါက ကြက်ဥကိုဘေးကနေ အသာလေးခေါက်ပြီးတော့ ခွာလို့ရပါပြီ။

ဒီလိုနည်းလမ်းလေးတွေနဲ့ ကြက်ဥပြုတ်မယ်ဆိုပါက အခွံခွာရလွယ်ကူပြီးတော့ အနာအဆာကင်းတဲ့ ကြက်ဥပြုတ်လေးကို ရရှိမှာဖြစ်ပါတယ်။

Source: jessicagavin.com