အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သူငယ်ချင်း၊ ချစ်သူခင်သူ၊ မိသားစုဝင်တွေနဲ့အတူတူ ပျော်ပျော်ပါးပါးလုပ်စားနိုင်မယ့် ဟော့ပေါ့ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဟော့ပေါ့အရည်ပြုလုပ်ရန် အသင့်စားဟော့ပေါ့ထုပ် တစ်ထုပ်
ကြက်ပြုတ်ရည်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ
- ဝက်နံရိုး ၂၅၀ ဂရမ်
- ငရုတ်ကောင်းစေ့ ၈ စေ့
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- တစ်လက်မပတ်လည် ဂျင်းတုံး တစ်တုံး (ပြားနေအောင် ထောင်းထားလိုက်ပါ)
- ရေ ၅ လီတာ
- ကြက်သား ၁၀၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)
အခြားပါဝင်ပစ္စည်းများ
- ဝက်သား သုံးထပ်သား (သို့) အမဲသား ၁ ပေါင်
- အသားလုံး ၅၀၀ ဂရမ် (ဝက်သားလုံး သို့မဟုတ် အမဲသားလုံး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်)
- ပဲပြား ၁ တုံး
- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ၂၅၀ ဂရမ် (ပန်းဂေါ်ဖီစိမ်၊ တရုတ်မုန်ညှင်း၊ ပန်းဂေါ်ဖီ စသည့် ဟင်းသီးဟင်းရွက်များ)
- မှို ၂၅၀ ဂရမ်
- ပင်လယ်စာ ၃၀၀ ဂရမ်
- ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ အာလူးနှင့် ကြာကွက် စသည့်ဟင်းသီးဟင်းရွက်များ ၄၀၀ ဂရမ် (ကြာကွက်နှင့် အာလူးကို အသုံးပြုမယ်ဆိုရင်တော့ ပါးပါးလှီးပြီးတဲ့နောက်မှာ ရေထဲတွင် စိမ်ထားရပါမယ်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အိုးအကြီးတစ်လုံးထဲတွင် ရေ၊ ကြက်သား၊ ဝက်နံရိုး၊ ငရုတ်ကောင်းစေ့၊ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကို ထည့်ကာ တစ်နာရီခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။
၂။ ဟင်းသီးဟင်းရွက်များအားလုံးကို ပါးပါးလှီးထားလိုက်ပါ။ မှိုကိုလည်း ရင့်နေသော အပိုင်းကို လှီးထုတ်ပြီး ကျန်သောအပိုင်းကို ပါးပါးလှီးလိုက်ပါ။ ပဲပြားကိုလည်း အတုံးခပ်ငယ်ငယ် တုံးထားလိုက်ပါ။
၃။ အသင့်စားဟော့ပေါ့ထုပ်ထဲရှိ ပါဝင်ပစ္စည်းများ အားလုံးကို အခြားအိုးကြီးတစ်လုံးထဲတွင် ထည့်လိုက်ပါ။ စောစောက ဆူပွက်လာသော ကြက်ပြုတ်ရည်များကိုလည်း ထိုအိုးထဲသို့ ရောထည့်လိုက်ပါ။ ကြက်သွန်မြိတ်လေးများ လောင်းထည့်ပြီး ပွက်ပွက်ဆူလာအောင် စောင့်ပေးလိုက်ပါ။
ဒီအဆင့်ပြီးသွားရင်တော့ ဟော့ပေါ့အရည်လေး ရရှိသွားပါပြီ။
ရရှိလာတဲ့ဟင်းရည်ထဲသို့ အခြားပါဝင်ပစ္စည်းများအားလုံးကို အိုးထဲသို့ပစ်ထည့်ကာ အရသာရှိတဲ့ ဟော့ပေါ့ပါတီလေးကို ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ပါပြီ။
Source: Chinasichuanfood.com