အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့်ဆိုတာက ကလေးဘဝကတည်းက လူကြီးဖြစ်တဲ့အထိအောင် ကြိုက်နှစ်သက်ကြတဲ့ အချိုပွဲတစ်ခုအနေနဲ့ စားသုံးနေကြဆဲပါ။

အခုဖော်ပြပေးမယ့် သရက်သီးရေခဲမုန့်လေးပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းနှစ်မျိုးပဲလိုအပ်ပြီး ရှုပ်ထွေးလှတဲ့ ချက်ပြုတ်နည်းတွေလည်း မလိုအပ်ပါဘူးနော်။

ဒါဆိုရင်တော့ အရသာအလွန်ရှိပြီး ရင်ထဲကိုအေးမြသွားစေမယ့် သရက်သီးရေခဲမုန့် ပြုလုပ်နည်းလေးကို အခုပဲ ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ

သရက်သီး (လှီးပြီးသား) – ၂ လုံး

နို့ဆီ – ၁ ဘူး (၁၄ အောင်စ)

ပြင်ဆင်ပြုလုပ်ပုံ အဆင့်ဆင့်

၁။ သရက်သီး ၂ လုံးကို အစိတ်စိတ်လေးတွေဖြစ်အောင် လှီးပြီးတော့ ကြိတ်စက်ထဲထည့်ပါ။

၂။ ၁၄ အောင်စရှိတဲ့ နို့ဆီတစ်ဘူးကို ထည့်ပေးပါ။

၃။ ထည့်ပြီးသား ပါဝင်ပစ္စည်းများကို သေသေချာချာရောကြိတ်မွှေပါ။

၄။ ကြိတ်ခြေပြီးသွားရင် ရလာတဲ့အနှစ်ကို ပန်းကန်လုံးထဲပြောင်းထည့်ကာ လေလုံအောင်ဖုံးပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။

အေးခဲသွားပြီဆိုရင်တော့ စားသုံးနိုင်ပါပြီ။

Source: Fabhow.com