အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကင်ချီနဲ့ ကြက်ဥပြုတ်တို့ အဆင်သင့်ရှိရုံနဲ့တင် အရသာရှိတဲ့ ကင်ချီသိပ် ကြက်ဥပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ရိုးရိုးရှာလကာရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (တစ်လက်မအရှည် လှီးဖြတ်ထားပါ)
  • ကြက်ဥ ၁၂ လုံး (ပြုတ်ထားပြီး အခွံခွာထားပါ)
  • ကင်ချီ ပန်းကန်လုံး ၁ လုံးစာ

  • သန့်စင်ခြောက်သွေ့သော ဖန်ပုလင်း ၁ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

ဖန်ပုလင်းထဲတွင် ကင်ချီအနည်းငယ် ထည့်ပါ။ ထို့နောက် ကြက်ဥပြုတ် ၂ လုံး၊ ၃ လုံးခန့် ထည့်ပါ။

ကြက်ဥပြုတ်အပေါ်တွင် ကင်ချီတစ်လွှာ ထပ်ထည့်ပါ။ ကြက်ဥပြုတ် ၂ လုံး၊ ၃ လုံးခန့်ထည့်ပါ။

ထိုနည်းအတိုင်း ကြက်ဥပြုတ်နဲ့ ကင်ချီအာလုံး ကုန်သွားသည်အထိ တစ်လွှာချင်း အစီအရီထည့်ပါ။

လွတ်နေသော နေရာလပ်များအားလုံးကို ကင်ချီများ ပြည့်နေအောင် တူဖြင့် အသာအယာဖြန့်ပေးလိုက်ပါ။

ထို့နောက် ကြက်သွန်မြိတ်အသုံးပြုပါက ကြက်သွန်မြိတ်များ ထည့်လိုက်ပါ။

ပြီးရင်တော့ ရှာလကာရည်များကို ကြက်ဥများ မြှုပ်သွားသည်အထိ လောင်းထည့်လိုက်ပါ။

ထို့နောက် ဖန်ပုလင်းကို လုံအောင် အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၂၄ နာရီခန့် သိပ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ကင်ချီသိပ် ကြက်ဥပြုတ်လေး ရရှိသွားပါပြီ။

ထိုကင်ချီကြက်ဥကို တစ်ပတ်အတွင်း ကုန်အောင်စားပေးဖို့တော့ လိုမယ်နော်။

Source: Thespruceeats.com