လက်ဖက်ကြက်ဥ၊ ဆေးကြက်ဥ စသည်ဖြင့် အရသာအမျိုးမျိုးရှိတဲ့အနက် ဒီတစ်ခါမှာတော့ ကင်ချီအရသာပါဝင်တဲ့ ကင်ချီကြက်ဥပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဆန်ရှာလကာရည် ၁၂၅ မီလီလီတာ
• ရိုးရိုးရှာလကာရည် ၁၂၅ မီလီလီတာ
• ရေ ၁၂၅ မီလီလီတာ
• သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် ၁ ပင် (တစ်လက်မ အရွယ်အစား လှီးဖြတ်ထားပါ)

• ကြက်ဥပြုတ် ၁၂ လုံး (အခွံခွာထားပါ)
• ကင်ချီ ပန်းကန်လုံးတစ်လုံးစာခန့်
• ၃၂ အောင်စ အလေးချိန် ဝင်ဆံ့နိုင်သော ဖန်ပုလင်း ၁ လုံး (ရေဆေးပြီး အခြောက်ခံထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီး ဆန်ရှာလကာရည်၊ ရှာလကာရည်၊ ရေနှင့် သကြားတို့ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက မီးဖိုပေါ်က ချလိုက်ပြီးနောက် အအေးခံထားလိုက်ပါ။

၂။ ဖန်ပုလင်းထဲသို့ ကင်ချီအနည်းငယ်ထည့်ကာ ထိုကင်ချီပေါ်တွင် ကြက်ဥ ၂ လုံး၊ ၃ လုံးခန့် တင်ထားလိုက်ပါ။

၃။ ကြက်ဥပေါ်တွင် ကင်ချီအနည်းငယ် ထပ်ထည့်ြ့ပီး ထိုကင်ချီပေါ်တွင် ကြက်ဥ ၂ လုံး၊ ၃ လုံးခန့် ထပ်ထည့်ပေးလိုက်ပါ။

၄။ ကင်ချီနှင့် ကြက်ဥများအားလုံး ကုန်သွားသည်အထိ တစ်လွှာချင်းစီ ဖြည်းဖြည်းချင်းထည့်ပေးလိုက်ပါ။

၅။ ကင်ချီနဲ့ ကြက်ဥများအားလုံးကုန်သွားပြီဆိုရင်တော့ စောစောက ကျိုထားသောရှာလကာရည်များကို ဖန်ပုလင်းထဲလောင်းထည့်လိုက်ပါ။ ထို့နောက် ဖန်ပုလင်းအဖုံးကို လုံအောင်ပိတ်ထားကာ ရေခဲသေတ္တာထဲမှာ ၂၄ နာရီခန့် ထည့်ထားလိုက်ပါ။

၂၄ နာရီပြည့်သွားပြီဆိုရင်တော့ ကင်ချီအရသာအပြည့်ရှိတဲ့ ကြက်ဥပြုတ်လေးကို အရသာရှိရှိ စားသုံးနိုင်ပါပြီ။ ကင်ချီစိမ်ထားတဲ့ ထိုကြက်ဥများကိုတော့ တစ်ပတ်အတွင်း စားသုံးပေးရမှာပဲဖြစ်ပါတယ်။

Source: Thespruceeats.com