စားရတာလွယ်ကူပြီး အိမ်မှာအလွယ်တကူပြုလုပ်နိုင်တဲ့ ကိုရီးယား ရေညှိထမင်းလိပ် လိပ်နည်းကို မျှဝေပေးချင်ပါတယ်။ အလွယ်တကူရနိုင်တဲ့ အသား ဟင်းသီးဟင်းရွက်တွေနဲ့ ပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
ထမင်း (ရှမ်းဆန် (သို့) ပေါဆန်းမွှေး) ၁ လုံး
ရေညှိ (အပြားကြီး)
ကြက်ဥ ၂ လုံး
ဆား
နှမ်းဆီ
အမည်းသား (သို့) မိမိကြိုက်နှစ်သက်ရာ
မုန်လာဥနီ
ဟင်းနုနွယ်
မုန်လာဥဖြူဆားရေစိမ် (မထည့်လည်းရပါတယ်။)
ဂဏန်းချောင်း (သို့) မိမိကြိုက်နှစ်သက်ရာ
ပါဝင်ပစ္စည်းတွေအားလုံးကို စုံအောင်ထည့်စရာတော့မလိုပါဘူး။ အထဲက ပါဝင်ပစ္စည်းတွေကို အလွယ်တကူပဲ အရသာရှိသလိုလုပ်စားလို့ရပါတယ်။
ထမင်းကို ဆီနည်းနည်း ဆားနည်းနည်းနဲ့ နယ်လိုက်ပါ။ ကြက်ဥကို နာနာခလောက်ပြီး ပြားပြားလေး မွှေကြော်ပါ။ ပြီးရင် အချောင်းလိုက်လှီးထားပါ။ မုန်လာဥနီ မုန်လာဥဖြူ ကိုလည်း အချောင်းလိုက်လှီးပါ။ ဂဏန်းချောင်းကိုလည်းအချောင်းလိုက်လှီးပါ။
ဟင်းနုနွင်ကိုပြုတ်ပြီး ဆား နှမ်းဆီနည်းနည်းနဲ့ နယ်ထားပေးပါ။ အသားကို နုတ်နုတ်စဉ်းကြော်ပြီးထားပါ။
ပြီးရင် ထမင်းလိပ်လိပ်တဲ့ ဖြာထဲမှာ ရေညှိခင်းလိုက်ပါ။ ပြီးရင်ထမင်းအနည်းငယ်ဖြူးပါ။ စောစောကလုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းဆီ အစီအရီထည့်ပါ။
ပြီးရင်ဖြာကို လိပ်လိုက်ပါ။
အဲဒီနောက် အနေတော်လှီးပြီး စားသုံးလို့ရပါပြီ။
 
											
				 
									



 
				 
				 
				 
				 
				 
				 
				 
				 
				 
				