ကိုရီးယားကားတွေ ကြည့်တဲ့အခါ ကိုရီးယားမင်းသား မင်းသမီးတွေက စိတ်ညစ်တဲ့အခါမျိုး၊ အိမ်ပေါ်က ဆင်းလာတဲ့အခါမျိုး၊ ဘယ်သွားလို့သွားရမှန်းမသိဘဲ လမ်းပျောက်ပြီး စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ ချွေးထုတ်ခန်း သွားလေ့ရှိတဲ့ ဇာတ်ဝင်ခန်းတော်တော်များများကို မြင်ဖူးကြမှာပါ။

ချွေးထုတ်ခန်းက ကြက်ဥတွေက ရိုးရိုးကြက်ဥပြုတ်နဲ့ မတူဘဲ အညိုဖျော့အရောင်လေးနဲ့ အင်မတန်လည်း အရသာရှိကြပါတယ်။ အခုဆိုရင် ထိုဆေးကြက်ဥတွေကို ဆိုင်တော်တော်များများမှာ အလွယ်တကူဝယ်စားလို့ရနေပါပြီ။

ဒါပေမဲ့ စာဖတ်သူအနေနဲ့ မိမိရဲ့ မီးဖိုချောင်ထဲမှာ ကြက်ဥလည်း အဆင်သင့်ရှိတယ်၊ အပြင်ကိုလည်း တကူးတကကြီး မထွက်ချင်ဘူးဆိုရင် အရသာရှိတဲ့ ထိုဆေးကြက်ဥပေါင်းကို မိမိအိမ်မှာ အလွယ်တကူလုပ်စားလိ့ရတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံးခန့်
  • ရေ ၁၁၇ မီလီလီတာခန့်
  • ပင်လယ်ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

မိမိပြုတ်မယ့် ကြက်ဥက အခန်းအပူချိန်ထဲမှာ အနည်းဆုံး ၂ နာရီခန့် ထားထားရပါမယ်။ အခန်းအပူချိန်ထဲ မထားထားဘူးဆိုရင် ကြက်ဥပြုတ်နေစဉ်မှာ ကြက်ဥအကာတွေ ဆိုးဝါးစွာ အက်ကွဲသွားပါလိမ့်မယ်။ ကြက်ဥပေါင်းအရသာ ပိုအရသာရှိချင်တယ်ဆိုရင် ကြက်ဥမပြုတ်ခင်မှာ ရေနွေးထဲတွင် ၂ နာရီခန့် ထည့်ထားလိုက်ပါ။

အချိန် ၂ နာရီပြည့်တဲ့အခါ ကြက်ဥများကို ဆယ်ထုတ်လိုက်ပြီး Ricek Cooker ထဲထည့်လိုက်ကာ ရေထည့်ပါ။ ထို့နောက် ဆားထည့်ကာ မိနစ် ၅၀ ခန့် ပြုတ်လိုက်ပါ။ မိနစ် ၅၀ ပြည့်သွားတဲ့အခါမှာတော့ ကိုရီးယားကားတွေထဲက ချွေးထုတ်ခန်းတွေထဲကလို ကြက်ဥပေါင်းလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

ဗိုက်ဆာတဲ့အချိန်မှာ အဆာပြေအနေနဲ့ရော သရေစာမုန့်အနေနဲ့ပါ စားသုံးလို့ရတဲ့ ကိုရီးယားစတိုင်လ် ဆေးကြက်ဥပေါင်းပဲဖြစ်ပါတယ်။ အာဟာရလည်း ပြည့်ဝပြီး ဗိုက်လည်းပြည့်တဲ့ သရေစာမုန့်ပါပဲ။

Source: mykoreankitchen.com