လွယ်ကူရိုးရှင်းတဲ့ Match Green Tea Latte လေး လုပ်သောက်ရအောင်။

လိုအပ်သည့်ပစ္စည်းများ

ပဲနို့ ၁ ခွက်စာ

Maple Syrup လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Matcha Green Tea Powder လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ

ရေ

ပြုလုပ်နည်း

အဆင့် (၁) Matcha Green Tea Powder လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဇကာထဲထည့်ပြီး စစ်ချပါ။

အဆင့် (၂) Matcha Green Tea Powder ကို ပျစ်ပျစ်လေးဖြစ်အောင် ရေအနည်းငယ်ထည့်ပြီး မွှေပေးပါ။ ၂ မိနစ်နဲ့ ၃ မိနစ် ကြားလောက်ဆက်တိုက် အမြုပ်တွေထလာအောင် ခလောက်ပေးပါ။

အဆင့် (၃) Maple Syrup ကိုထည့်ပြီးသေချာမွှေပေးပါ။ ၂ မိနစ်လောက်သေချာမွှေပေးပါ။

အဆင့် (၄) ပဲနို့ကို အမြုပ်ထအောင် မွှေပေးပါ။ မွှေတဲ့စက်တဲ့ မွှေရင်တော့ ပိုကောင်းပါတယ်။ ၄ မိနစ်ကနေ ၅ မိနစ်လောက်ဆက်တိုက် မွှေပေးရင် အမြုပ်ထလာပါလိမ့်မယ်။

အဆင့် (၅) ခုနက Matcha Green Tea အနှစ်နဲ့ ပဲနို့နဲ့ ရောလိုက်ပါ။ ဒါဆိုရင်တော့ အရသာကောင်းတဲ့ Match Green Tea လေးကို သောက်သုံးလို့ရပါပြီနော်။

Source: FabHow