ပါဝင်ပစ္စည်းများ
- ဂျုံ – ကီလိုဝက်
- ရိစ်ပွဆေး – တထုတ် ၊ ၁ ဂရမ်
- သကြား – ၂ ဇွန်း (ဟင်းစားဇွန်း)
- ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ရေ
- ဆီ – အကြမ်းပုဂံလုံး တဝက်
ပြုလုပ်နည်း
ဂျုံ ကီလိုဝက်ကို ရိစ်ပွဆေး တထုတ်.၁ ဂရမ်ရှိပါတယ်။ နံပြား လုပ်ရန် ဂျုံ ကီလိုဝက်ကို ဇလုံထဲ ထည့်ပါ။ သကြား ဟင်းစားဇွန်း နှစ်စွန်း ၊ ဆား လက်ဖက်ရည်ဇွန်း တဇွန်း ထည့်ပါမယ်။ ရိစ်တထုတ် ၁ ဂရမ်ထည့်ပါမယ်။ ပြီးရင်ရေကို နဲနဲခြင်း ထည့်ပြီး မုန့်သား အိလာတဲ့အထိ နယ်ပါ။
ပြီးရင် ဆီကို အကြမ်း ပုဂံလုံး တဝက် ထည့်ပြီး ပြန်နယ်ပါ။ ပြီးရင် ဇလုံကို တခုခုနဲ့ အုပ်ပြီး နှစ် နာရီလောက် ထားပေးပါ။ မုန့်များ ပွလာရင် တခါပြန်နယ် ပေးပါ ။ ပြီးရင် ၁၀မိနစ်လောက် ထားပြီး အနေတော် အလုံးလေးတွေ လုံးပါ။
ဂျုံမူန့်နဲ့လက်ကို ပွတ်ပြီး လုံးပါ။ မကပ်အောင်ပါ။ ပြီးရင် ဂျုံမှုန့် ဖြူးပြီး မုန့်ကို လှိမ့်စရာတခုခုနဲ့ ပြားရမှာပါ။ ဆိုင်တွေကလို မုန့်ဖြန့်ဖို့ အဝတ်ထုတ်လေး လုပ်လိုက်ရင်လဲ လွယ်ပါတယ်။ မနီကတော့ ကိုယ်တိုင် လှိမ့်ပြီး ပြားလိုက်ပါတယ်။
ဖုတ်ရန်တော့ အသားထူတဲ့ ဒယ်အိုး (သို့မဟုတ်) ခပ်ထူထူ ဒယ်ပြားကို အရင်ပူအောင် အပူပေးထားပါ။ အိုးပူရင် ပြားထားတဲ့ မုန့်ကို ထည့်လိုက်ပါ။ ဖောင်းဖောင်းလေးတွေ ကြွတက်လာရင် မုန့်ကျက်ပါပြီ။ (မတူးအောင် သတိ ထားပါ။)
အိမ်က မုန့်ဖုတ်ဖိုနဲ့ မဟုတ်တော့ အရောင်ကတော့ ဖြူနေပါတယ်။ ဒါပေမဲ့ အိအိလေးနဲ့စားကောင်းပါတယ်။ ဂျုံ ကီလိုဝက်ကို အခုပြထားတဲ့ အနေ မုန့်ဆယ်ချပ်ရပါတယ်။(ဝမ်းသာစရာ ထပ်သတင်း ပေးချင်တာက အခု နယ်ထားတဲ့ မုန့်သားကို ပီဇာလဲ လုပ်လို့ ရပါတယ်။ အီကြာကွေးလဲ လုပ်လို့ရပါတယ် ။)
Credit: မနီ(နော်ဝေး)