ကော်ဖီကြိုက်တဲ့လူတွေ မနက်ပိုင်းဘဲဖြစ်ဖြစ် နေ့လည်အချိုတည်းဖို့ဘဲဖြစ်ဖြစ် ဒီကော်ဖီနဲ့လုပ်ထားတဲ့ Oatmeal မုန့်လေး လုပ်စားကြည့်ပါ။ ကော်ဖီကိတ်မုန့်ကို ကော်ဖီကြိုက်တဲ့လူတွေအပြင် အချိုနည်းတာမလို့ ဝိတ်ချနေတဲ့လူတွေအတွက်လည်း သင့်တော်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Oats ၂ ခွက်ခွဲ
  • သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Baking Powder လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နွားနို့ ၂ ခွက် ( အချိုမပါတဲ့ ဗာဒံနို့ဆိုပိုကောင်းပါတယ်)
  • Maple Syrup စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • Coconut Oil စားပွဲတင်ဇွန်း ၁ ဇွန်း
  • Vanilla လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငှက်ပျောသီးမှည့် တစ်ဝက်ခန့်ကို ချေထားပါ။
  • Coconut Butter နည်းနည်း

Topping

  • Coconut Sugar ¼ ခွက်
  • ဂျုံမှုန့် ခွက်တစ်ဝက်
  • သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Coconut Oil စားပွဲတင်ဇွန်း ၃ ဇွန်း

 

ချက်ပြုတ်နည်းအဆင့်ဆင့်

မီးဖိုကို 375°F တွင်အပူပေးပြီး မုန့်ထည့်မယ့်ဗန်းကို Cooking Spray လေးဖြန်းထားပေးပါ။ Topping အတွက် ပါဝင်ပစ္စည်းတွေကို ပုဂံလုံးထဲမှာ ရောမွှေထားပါ။
ဂျုံမှုန့် ၊ သစ်ကြံပိုးခေါက် ၊ ပင်လယ်ဆား ၊ ဗာဒံနို့ ၊ Maple Syrup ၊ နှမ်းဆီ ၊ အုန်းဆီ ၊ vanilla နဲ့ ငှက်ပျောသီး တို့ကို ရောမွှေပြီး ပန်းကန်လုံးကြီးတစ်လုံးထဲတွင် ရောမွှေပါ။
Cooking Spray ဖြန်းထားတဲ့ ဗန်းထဲမှာ ရောမွှေထားတဲ့ Oats ထည့်ပြီး Topping ဖြူးပေးပါ။ အညိုရောင်လေးဖြစ်တဲ့အထိ 35-40 မိနစ်ခန့် ဖုတ်ပါ ။ 10-15 မိနစ်လောက် အအေးခံပြီးရင် အုန်းထောပတ်အအေးနဲ့ ပူပူနွေးနွေး သုံးဆောင်လို့ရပါပြီ။

Source:eatingbirdfood