မင်္ဂလာပါ။ စာဖတ်ချစ်ပရိတ်သတ်တို့ရေ။ အခုရာသီက မိုးရွာလိုက် နေပူလိုက်နဲ့ အပြင်ထွက်ဖို့ လုံးဝကို အဆင်မပြေပါဘူးနော်။

နေ့လည်စာစားပြီးလို့ ၁ နာရီ ၂ နာရီလောက်ကျရင် ဘာစားချင်မှန်းမသိဖြစ်လာတဲ့အခါ ရာသီဥတု အဆင်မပြေလို့ အပြင်ထွက်မဝယ်နိုင်ဘူးဆိုရင် အိမ်မှာပဲ လွယ်လင့်တကူ လုပ်စားနိုင်မယ့် အကြော်ကြော်နည်းလေးကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ – အလုံးကြီး ၁ လုံး
  • ဂျုံမှုန့် – ခွက် ၁ ဝက်
  • မုန့်ဖုတ်ပေါင်ဒါ – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ – ၁ လုံး
  • ငရုပ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပေါင်မုန့်ကြွပ်မှုန့်
  • ဆီ

ကြော်ပုံကြော်နည်း

၁။ ကြက်သွန်နီကို အခွံခွာ၊ ရေဆေးပြီး အကွင်းကွင်းလေးတွေအဖြစ်လှီးကာ ပုံထဲမှာပြထားတဲ့အတိုင်း တစ်ကွင်းစီဖြစ်အောင် ခွာထားပေးလိုက်ပါ။

ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆား၊ ငရုတ်ကောင်းတို့ကို ပန်းကန်လုံးတစ်ခုထဲမှာ ရောလိုက်ပါ။ ထို့နောက် ကြက်သွန်နီကွင်းတွေကို လိုက်သုတ်ပြီး ခဏဘေးဖယ်ထားပါ။

ပြီးနောက် ကြက်ဥခလောက်ထားတဲ့အထဲ နှစ်ကာ ပေါင်မုန့်အမှုန့်လေးတွေထည့်ထားတဲ့ ဗန်းမှာလိုက်သုတ်ပေးလိုက်ပါ။

အားလုံးပြီးသွားရင်တော့ ဆီပူပူထဲမှာ တစ်ကွင်းချင်းစီထည့်ပြီး ကြော်ပေးပါ။ ရွှေညိုရောင်သမ်းလာပြီဆိုရင် ဆီထဲမှဆယ်ကာ ဆီစစ်လိုက်ပါ။

ဆီတွေစစ်ပြီးသွားပြီဆိုရင် အရသာရှိတဲ့ ကြက်သွန်ကွင်းကြော်လေးကို စားသုံးနိုင်ပါပြီ။

Source: mylatinatable.com