ကြက်ဥ စားရတာကြိုက်လားရှင့်။ တချို့က ဟင်းရှိရင်တောင် ကြက်ဥကို ရွေးချယ်စားကြပေမယ့် တချို့ကလည်း အလုပ်သိပ်မရှုပ်ချင်လို့ အလွယ်တကူ ကြက်ဥ ကြော်စားကြတာရှိပါတယ်။

ကြက်ဥကို ကြော်စားတာ ပြုတ်စားတာ ချက်စားတာမျိုး အမျိုးမျိုးလုပ်စားကြပါတယ်။ ဒီတခါမျှဝေပေးချင်တာကတော့ ကြက်ဥအခွံမပါဘဲ ကြက်ဥမကျက်တကျက်ကို အရသာရှိရှိ ဘယ်လိုလုပ်စားလို့ရသလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်ဥ
  • ရေ
  • ဆား
  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း

အရင်ဆုံး အိုးထဲကို ရေလောင်းထည့်လိုက်ပါ။

ပြီးရင် ကြက်ဥကို ခွဲပြီး ခွက်အသေးထဲထည့်လိုက်ပါ။

ရေနွေးပွက်ပွက်ဆူလာရင် ဇွန်းနဲ့ တစ်ချက် မွှေလိုက်ပါ။ မွှေလိုက်လို့ ရေဝဲလေးလို ဖြစ်သွားတဲ့နေရာမှာ ကြက်ဥကို ထည့်လိုက်ပါ။

၂ မိနစ် ၃ မိနစ်လောက်ထားပါ။ အဲဒီလို ထားနေချိန်မှာလည်း ခပ်ဖြည်းဖြည်းလေး ဇွန်းနဲ့ မွေပေးနေပါ။

ပြီးရင်တော့ ဇွန်းကိုသုံးပြီး ကြက်ဥကို ဆယ်လိုက်ပါ။

အပေါ်ကနေ ဆား ငရုတ်ကောင်းဖြူးပြီး သုံးဆောင်လို့ရပါပြီနော်။

အခုလို ချက်တာဟာ အရသာတမျိုးလေးနဲ့ စားလို့ပိုကောင်းစေမှာပါ။