နေမကောင်းဖြစ်နေချိန်မှာ အစာမာတွေ မစားနိုင်သူများအနေနဲ့ အားရှိဖို့အတွက် ဆန်ပြုတ်ကို မဖြစ်မနေသောက်သုံးသင့်ပါတယ်။ ကြက်သားဆန်ပြုတ် စားရတာ ရိုးအီနေတဲ့သူတွေအတွက် ဝက်သားဆန်ပြုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် နို့ဆီဘူး တစ်ဘူး
  • ရေ (သို့) ကြက်ပြုတ်ရည်၂၅၀၀ မီလီလီတာ
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ်အနည်းငယ်
  • ကြက်ဥပြုတ် ၁ လုံး
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဝက်

  • ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ရောနယ်ထားသော ဝက်သားပြား အနည်းငယ်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • တစ်လက်မပတ်လည် ဂျင်းတုံးတ်တုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်ကိုရေဆေးပြီးနောက် မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ အချိန်ပြည့်ပါက ဆန်ကို ဆယ်လိုက်ပြီးနောက် ဟင်းချက်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းဖြင့် ရောမွှေပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲတွင် ရေထည့်ကာ ရေပွက်ပွက်ဆူလာပါက ဆန်ထည့်ကာ မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

၃။ ဝက်သားပြားကို ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ဂျင်းအနည်းငယ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

၄။ ကြက်ဥပြုတ်ထည့်ပြီး ၅ မိနစ်ခန့် ထားထားလိုက်ပါ။

၅။ ဝက်သားပြားကို ပြောင်းမှုန့်ဖြင့် ရောနှောပြီးနောက် ဆန်ပြုတ်အိုးဆူလာပါက ဝက်သားများကို အိုးထဲ လောင်းထည့်လိုက်ပါ။

၆။ ဆန်ပြုတ်ရော ဝက်သားပါ နူးအိသွားပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားဆန်ပြုတ်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com