ပါဝင်သော ပစ္စည်းများ ( ၄ ပန်းကန်စာ)

  • ဆန် ၁ ဆန်ချိန်ခွက်
  • ကောက်ညှင်းဆန် ၄ စားပွဲတင်ဇွန်း
  • ဆား သင့်ရုံ
  • ဘဲလည်ပင်းရိုး ၂ ချောင်း
  • ချင်း ၁လက္မ
  • ကြက်သွန်မြိတ် ၂ ပင်
  • ကြက်သွန်ဖြူကြော် ၁ လက်ဘက်ရည်ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပဲငံပြာရည် အကြည် လိုသလောက်

ချက်နည်း

ချင်းတစ်ဝက်ကို ပါးပါးလှီး၊ ကျန်တစ်ဝက်ကို ပါးပါး အမြှင်လေးတွေ လှီးထားပါ။

ကြက်သွန်ဖြူကြော်ကို လေးစိတ်ကွဲ ထောင်းပြီး ဆီပူပူလေး လောင်းထားပါ။

ဘဲလည်ပင်းရိုး ၂ ချောင်းကို ရေစင်အောင် ဆေးပီး ဆန်ပြုတ်မည့် အိုးထဲထည့်ပါ။ ရေ ၁၀၀၀ မီလီမီတာ၊ ဂျင်း ပါးပါးလေး ၄ ပြား လောက်ထည့်ပြီး အချိုရည် ထွက်အောင် မီးအေးအေးဖြင့် ပြုတ်ထားပါ။ ထွက်လာတဲ့ အမြှုတ်တွေ၊ သွေးအစအန တွေကို ခပ်ထုတ်ပြီး ဖယ်ပြစ်ပါ။

အရိုးပြုတ်ရည် သန့်သွားမှ ဆန်နဲ့ ကောက်ညှင်းဆန်ကို ရေဖွဖွ လေးဆေးပြီး အရိုးပြုတ်ရည်ထဲ ထည့်ပါ။ ပထမတော့ ပြုတ်ရည် ဆူအောင် မီး အလယ်လတ် မှာထားပြီး တည်ပါ။

ဆူလာပီ ဆိုတာနဲ့ မီး ကိုလျှော့ပြီး မီးအေးအေးနဲ့ဆန်သားလေးတွေ အိသွားတဲ့ အထိ ပြုတ်ပါ။ (ချက်ပီးသားထမင်းကို ပြုတ်ရင်တော့ မြန်မြန်နူးမြေ့ပါတယ်) လိုအပ်လျှင် ရေပူဖြည့်ပေးပါ။ ၁-၂ နာရီနီးပါး လောက် ပြုတ်ရပါတယ်။

ဆား ထည့် ပြီး အရသာ ကောင်းပြီ ဆိုရင် သုံးဆောင်မည့် ပန်းကန်လုံးထဲ ထည့်ပါ။ ပါးပါးလှီးထားတဲ့ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကြော် ဆီချက်၊ ငရုတ်ကောင်း တို့ထည့်ပြီး ပူပူနွေးနွေး သုံးဆောင်ပါ။ အီကြာကွေး နဲ့ လိုက်ဖက်ပါတယ်။

Credit: Mee Mee Tofu