ကြက်တောင်ပံကြော်ဆိုရင်တော့ ဒီတိုင်းစားလို့လည်းရသလို၊ ထမင်းနဲ့လည်း စားလို့ရပါတယ်။ ဒါ့အပြင် အမြည်းအဖြစ်နဲ့စားမယ်ဆိုရင်တော့ အရမ်းကိုမိုက်ပါတယ်။ ဒါကြောင့် ကြက်တောင်ပံကြော်ကို အရသာပိုကောင်းပြီး စားချင်စဖွယ်ဖြစ်အောင် ဘယ်လိုကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးအကြီးထဲကို ကြက်တောင်ပံ – ၂ ပေါင်ထည့်ပြီး ဆန်မှုန့် – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ကာ နယ်ပေးပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ဆန်မှုန့် – ခွက်တစ်ဝက်စာထည့်ပြီး ဂျုံမှုန့် – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ပါ။ အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ကေရန်းငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ မုန့်ဖုတ်ပေါင်ဒါမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ထည့်မွှေပါ။

သမအောင်မွှေပြီးတာနဲ့ ရေသန့် – ခွက်ရဲ့ သုံးပုံ ပုံ နှစ်ပုံစာထည့်မွှေပါ။ ပြီးရင်တော့ ဆန်မှုန့်နဲ့နယ်ထားတဲ့ ကြက်တောင်ပံတွေကို ထည့်စိမ်ပြီး ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။

ကြက်တောင်ပံကြော်ရပြီဆိုရင်တော့ ပန်းကန်လုံးအကြီးထဲထည့်ပြီး သင်ကြိုက်နှစ်သက်ရာဆော့စ်ကို ခွက်တစ်ဝက်စာထည့်ပြီး နယ်ပေးပါ။ ဒါဆိုရင်တော့ အသင့်စားသုံးနိုင်တဲ့ ကြက်တောင်ပံကြော်ကို ရရှိသွားပါပြီ။

Photo Source: www.tasty.com