လွယ်ကူလျှင်မြန်စွာ ကျိုစားကြမယ် တို့ဟူး (တို့ဟူးအမှုန့်ဖြင့် အချိန်တို အတွင်း ကျိုနည်း) (Making Yellow Tofu) တို့ဟူးကို ကိုယ်စိတ်တိုင်းကျ ကျမ်းမာရေးနဲ့ ညီညွှတ်စွာ အိမ်မှာ အချိန်တို အတွင်း ကျို စားလို့ရပါတယ် ။ တို့ဟူး ကျိုစားမယ် လို့တွေးရင် သိပ် အလုပ်ရှုပ်တာပဲလို့ တွေးဖြစ်ကြပါတယ် ။ အခုဆို ရင် အလွယ်တကူနဲ့ တို့ဟူး လုပ်စားရန် အသင့်ပြုလုပ်ထားတဲ့ ကုလားပဲမှုန့်ထုပ်များ ကိုဝယ်ပြီး ကျို လို့ရနေပါပြီ ။ ပထမ ဦးဆုံး တို့ဟူး ကျို ကြည့်မယ်ဆို ရင်တော့ အဆင်မပြေရင် စိတ်မပျက်ပါနဲ့ ၊ တို့ဟူးအေးအတုံး မရရင်တောင် တို့ဟူးပျော့နွေး စားလို့ရတာပေါ့ ။ စည် ရဲ့အချိန်တိုတို နဲ့လွယ်ကူစွာ ကျိုနည်းလေးနဲ့ ကျိုကြည့်လိုက်နော်..
ပါဝင်ပစ္စည်းများ
- တို့ဟူးမှုန့် – ၂၅ ကျပ်သား
- ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- နနွင်းမှုန့် – ၁ ဇွန်း လက်ဖက်ရည်ဇွန်း (ရေဖျော် ပြီး ပိတ်သားနဲ့ စစ်ထားပါ)
- ရေ – ၃ လီတာ (ရေသန့်ဘူး ၁လီတာဘူး ၃ ဘူးခန့်)
ပြုလုပ်နည်း
တို့ဟူး ကျိုချက်ရန် ရေ ၁ လီတာ (၃) ဘူးခန့်ရှိ ရေကို အိုးထဲသို့ ထည့်ပြီး ဦးစွာ ဆူပွတ်လာတဲ့ အထိ တည်ပါ ။
ရေတည် ထားချိန်မှာ တို့ဟူးမှုန့်များကို ရေအေးဖြင့် ကြေအောင် ပြစ်ပြစ် ဖျော်ထားရပါမည် ။
ရေဆူလာလျှင် ဖျော်ထားသော တို့ဟူးမှုန့်အနှစ်ကို ဆူပွတ်နေသော ရေထဲ သို့ လောင်းထည့်ပါ လျှင်မြန်မှုတော့ ရှိရပါမယ် ။
လောင်းထဲ့ လိုက်တာနဲ့ အဆက်မပြတ် မွှေပေးရပါမည် ။
ပြီးတာနဲ့ စစ်ထားသော နနွင်းရေ ကိုထည့်ကျိုပါ ။ သစ်သား (သို့) ဝါး နဲ့ ပြုလုပ်ထား သော ဇွန်းရှည် အလုံးလေး နဲ့မွှေ ပေးလျှင် ပိုအဆင်ပြေပါတယ် ။
တို့ဟူးအမှုန့်များ ပျစ်လာပြီး ပဲစိမ်းနံ့ ပျောက်သွားလျှင် ဆားထည့်ပြီး မွှေပါ ။ အဆက်မပြတ်တော့မွှေ ပေးရပါမယ် ဒါမှ အိုးမကပ်မှာပါ ။
မီးလျှော့ပါ တို့ဟူး မွှေနေသော ဇွန်း ကို မြှောက်ကြည့်လိုက်ပါ ၊ ဇွန်းမှာ အမှီးတန်း ပါလာလျှင် ကိုယ်လိုရာ လင်ဗန်းအပြန့် (သို့) ပုံစံခွက်ထဲ ညီညာစွာ ဖြန့်လောင်းချထားပြီး အအေးခံပါ ။ အမြန်လို လျှင်တော့ ရေခဲသတ္တာထဲမှာထည့် အအေးခံလို့ရပါတယ် (ကျမ်းမာရေးနှင့်တော့ သိပ်တော့မညီညွတ်ပါဘူး) ။
အအေးခံ ပြီး ရလာသော တို့ဟူးအေး အတုံးလေးများ ကို သုတ်စား ၊ ကြော်စား ၊ ချက်စား မိမိစိတ်တိုင်းကြ တီထွင် စားသုံးလို့ ရပါသည် ။
*တို့ဟူးအမှုန့်သည် ကုလားပဲ ဖြင့်ပြုလုပ်ထားသောကြောင့် တို့ဟူးကိုစားသုံးခြင်းဖြင့် ဗီတာမင်များ နှင့် အသားဓါတ်အဟာရများ ကိုရရှိ စေနိူင်ပြီး သက်သက်လွတ် စားသုံးသူများ အတွက်လည်း အဆင်ပြေပါတယ် ။
Credit: Syi Foodsgarden