ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူ စားပြီးတဲ့အခါမှာတော့ ပါးစပ်အနံ့ နံခြင်းက ဆိုးရွားတဲ့အရာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ပါးစပ်အနံ့ မနံအောင်လို့ ကြက်သွန်ဖြူကို ချက်ပြုတ်နိုင်ပါတယ်။ ထိုနည်းကတော့ Oven အသုံးပြုပြီး ကြက်သွန်ဖြူ လှော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၅ ဥခန့် (ကြက်သွန်ဖြူပမာဏကို မိမိလိုသလောက် အသုံးပြုနိုင်ပါတယ်)
  • သံလွင်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဓားထက်ထက်တစ်ချောင်း အသုံးပြုပြီး ကြက်သွန်ဖြူရဲ့အောက်ခြေကို လှီးထုတ်လိုက်ပါ။ ကြက်သွန်မြွှာများ တစ်မြွှာချင်းစီ ဖြစ်မသွားဖို့ရန်အတွက် သေသေချာချာဂရုတစိုက် လှီးထုတ်ပေးဖို့လိုပါတယ်။

၃။ ထို့နောက် ကြက်သွန်ဖြူ တစ်ဥချင်းစီအတွက် ခဲဖတ်သေးသေးလေးတွေ လိုအပ်ပါလိမ့်မယ်။ ပြီးရင်တော့ ကြက်သွန်ဖြူကို ခဲဖတ်ထဲထည့်ထားလိုက်ပါ။ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်စီကို ကြက်သွန်ဥပေါ် ဆမ်းပေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူကို ခဲဖတ်ဖြင့် ပတ်ပေးလိုက်ပါ။ ကြက်သွန်ဖြူ တစ်ဥချင်းစီကို ထိုကဲ့သို့ ပြုလုပ်ပေးရပါမယ်။

၄။ ထို့နောက် Oven ထဲမှာ မိနစ် ၅၀ ခန့် ထည့်ထားလိုက်ပါ။ အချိန်ပြည့်သွားတဲ့အခါမှာတော့ Oven ထဲကထုတ်ပြီး နာရီဝက်ခန့် အအေးခံထားလိုက်ပါ။ ထို့နောက် ခဲဖတ်အုပ်ထားတာကို ဖြည်လိုက်ပါ။ ကြက်သွန်ဖြူကို ခက်ရင်းဖြင့် ချေပစ်လိုက်ပါ။

၅။ ရရှိလာတဲ့ ကြက်သွန်ဖြူအနှစ်ကို ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရာမှာလည်း အသုံးပြုနိုင်သလို အာလူးထောင်း ပြုလုပ်ရာမှာလည်း အသုံးတည့်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ပေါင်မုန့် လုပ်စားချင်တယ်ဆိုရင်တော့ ကြက်သွန်သုတ် ပေါင်မုန့်လေးလည်း လုပ်စားနိုင်ပါသေးတယ်။

Source: Yellowblissroad.com