အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာစပ်စပ်လေးကိုမှ စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ငရုတ်သီးစပ်စပ်လေးနဲ့ ရောကြော်ထားတဲ့ ဝက်သား သုံးထပ်သားဟင်းလျာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၂ မြွှာ
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဝက်သား သုံးထပ်သား ၁ ပေါင်
  • ငရုတ်သီးတောင့် ၁၀ တောင့်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (၅ စင်တီမီတာအရှည်ခန့် လှီးဖြတ်ထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်သီးတောင့်များကို ၅ စင်တီမီတာအရှည်ခန့်စီ လှီးဖြတ်ထားပါ။ ထိုငရုတ်သီးပေါ်သို့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် ဖြူးပြီးနောက် ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။ (၁၅) မိနစ်ပြည့်ပါက ရေများကို စစ်ထုတ်လိုက်ပါ။

၂။ ဝက်သား သုံးထပ်သားများကို ပါးပါးလှီးထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ငရုတ်သီးများထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ငရုတ်သီးများ ပျော့သွားပါက ပန်းကန်လုံးအသေးထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပြီးနောက် ဆီပူလာပါက ဝက်သားများကို ထည့်ကြော်ပေးလိုက်ပါ။ ဝက်သားများ အညိုရောင် ပြောင်းသွားပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် စောစောက ငရုတ်သီးကြော်များကို ဝက်သားနဲ့ ပြန်ရောကြော်ပေးလိုက်ပါ။ ပဲငံပြာရည်နှင့် ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် ထပ်ကြော်ပေးရပါမယ်။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သုံးထပ်သား အစပ်ကြော်လေး ရရှိသွားပါပြီ။ စားခါနီးကျမှ ကြက်သွန်မြိတ်အနည်းငယ် ထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com