မိုးလေး ဖွဲနေတဲ့အချိန် ပြတင်းပေါင်အပြင်ဘက်ကို ငေးရင်း ဆွေးရတဲ့ခံစားချက်ကို ကြိုက်နှစ်သက်ကြပါရဲ့လား။ အဲ့ဒီလိုဆွေးနေရအချိန်မှာ Ice Coffee လေးပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ခံစားချက်လေးပဲပေါ့။

အဆွေးဓာတ်ခံရှိတဲ့သူတွေအတွက် မိုးရာသီနဲ့ လိုက်ဖက်မယ့် ရေခဲမုန့် Ice Coffee ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • နွားနို့ တစ်လီတာ
  • သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ရေခဲတုံး ၃ တုံးမှ ၅ တုံးခန့်
  • ရေခဲမုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖျော်စက်ထဲတွင် ကော်ဖီနှင့် သကြားတို့ ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၂။ ထို့နောက် နွားနို့ ထပ်ထည့်ပြီး ၅ မိနစ်၊ ၆ မိနစ်ခန့် ထပ်ဖျော်ကာ မွှေပေးရပါမယ်။

၃။ ရရှိလာတဲ့ နို့ကော်ဖီကို ဖန်ခွက်များထဲ အညီအမျှ ခွဲထည့်ပေးရပါမယ်။

၄။ ထို့နောက် ကော်ဖီခွက်ထဲသို့ ရေခဲတုံးများ ထည့်လိုက်ပါ။

၅။ ရေခဲမုန့်ကို ကော်ဖီခွက်ရဲ့ အပေါ်မှာ ထည့်ပေးလိုက်ပါ။ သင့် အနေနဲ့ အချိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ ခရင်မ် (သို့မဟုတ်) ထောပတ် (သို့မဟုတ်) ချောကလက် စသည်တို့ကိုလည်း ထပ်မံဖြည့်စွက်နိုင်ပါသေးတယ်။

ဒါဆိုရင်တော့ ကော်ဖီကြိုက်နှစ်သက်သူတွေအတွက် Ice Coffee အရသာအသစ်အဆန်းလေးကို မြည်းစမ်းသောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။

Source: cookingcrave.com